ဒီရာသီခွင် (၃) ခုကတော့ ဒီနှစ်အတွင်း အချစ်ရေးမှာ သေချာပေါက်ကံကောင်းကြမှာပါ။

(၂၀၂၂) က တရွေ့ရွေ့နဲ့ပဲ အခုဆိုရင် လေးလပိုင်းကုန်လို့ ငါးလပိုင်းထဲကို ရောက်ရှိလာခဲ့ပါပြီ။ ဒီနှစ်အတွက် အချစ်သစ်တွေ ဆုံစည်းခဲ့ကြပြီးပြီလား။ ဒါမှမဟုတ် အချစ်ရေးမှာ ကံဆိုးမှုတွေပဲ ဆက်တိုက်ကြုံနေကြတုန်းလား။ ဒါပေမယ့်လည်း ဒီ (၂၀၂၂) အတွင်း အချစ်ရေးမှာ သေချာပေါက်ကံကောင်းမယ့် ရာသီခွင်တွေရှိနေပါတယ်။



Photo: Lunaf

Scorpio

အောက်တိုဘာ (၂၃) ကနေ နိုဝင်ဘာ (၂၁) အတွင်း မွေးဖွားခဲ့တဲ့ Scorpio ဖွားလေးတွေက ဒီနှစ်အတွင်း အချစ်ရေးမှာ ကံကောင်းလိမ့်မယ်လို့ဆိုထားပါတယ်။ ကျွမ်းကျင်သူတွေရဲ့အဆိုအရ Scorpio တို့ဟာ ဒီနှစ်အတွင်း အလိုချင်ဆုံးအချစ်ကို ရရှိဖို့ စိန်ခေါ်မှုတွေများပြားနေသည့်တိုင် အချစ်ရေးနဲ့ပတ်သက်လို့ ကြီးမားတဲ့အပြောင်းအလဲတွေကြုံတွေ့ရမှာဖြစ်ပါတယ်။

Photo: Astrosage

အချစ်နဲ့ပတ်သက်လို့ သေချာပေါက်ပျော်ရွှင်ရမှာဖြစ်ပြီး မျက်ရည်တွေကင်းစင်တဲ့အချစ်ရေးတစ်ခု အစပြုမယ့် နှစ်လို့လည်း ဆိုပါတယ်။ ကတိကဝတ်ပြုထားတဲ့ချစ်ခြင်းတရားတွေကလည်း ခိုင်မြဲမှာဖြစ်ပြီး စစ်မှန်တဲ့ ပျော်ရွှင်မှုကိုရရှိလိမ့်မယ်လို့လည်း ဆိုထားကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်နဲ့ပဲ ဒီလိုမျိုးအချစ်ရေးက အခုဧပြီလကစလို့ ပိုမို နက်ရှိုင်းလာပါလိမ့်မယ်။

Virgo

သြဂုတ် (၂၃) ကနေ စက်တင်ဘာ (၂၂) အတွင်း မွေးဖွားတဲ့ Virgo ဖွားလေးတွေကလည်း ချိန်းတွေ့ရုံထက် ပိုမိုလေးနက်တဲ့ ဆက်ဆံရေးကို တက်လှမ်းနိုင်လိမ့်မယ်လို့ဆိုပါတယ်။ ဒီနှစ်အတွင်းမှာ Virgo တို့အတွက် ကံကောင်းခြင်းတွေကို မြင်တွေ့နေရပြီး တွေ့ရှိလာမယ့်အချစ်တွေကလည်း စစ်မှန်ခိုင်မြဲတဲ့ ချစ်ခြင်းတရားတွေ ဖြစ်နေပါလိမ့်မယ်။

Photo: Hindustan Times

စိတ်ကူးထဲမှာရှိနေတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ပတ်သက်လို့လည်း စိတ်ကူးယဥ်ဆန်မှုနဲ့ မျှော်လင့်ချက်တွေကို မစွန့်လွှတ်လိုက်ဘဲ မြဲမြံအောင် ဆုပ်ကိုင်ထားနိုင်ဖို့ လိုအပ်ပါတယ်။ ဒါတွေကပဲ အချစ်ရဲ့ကံကောင်းခြင်း အသီးအပွင့်တွေကို ခံစားရမှာဖြစ်ပါတယ်။ အခြားကဏ္ဍတွေကို ထိန်းချုပ်ထားနိုင်သည့်တိုင် ဒီနှစ်အတွင်းမှာ အချစ်နဲ့ပတ်သက်တဲ့အရာတွေကို ထိန်းချုပ်ထားနိုင်မှာမဟုတ်ပါဘူး။ အဲ့ဒါကြောင့် အခုထိ အချစ်စစ်မတွေ့သေးရင်လည်း စိတ်ဓာတ်မကျပါနဲ့။ ဒီနှစ်အတွင်းမှာပဲ ကံကောင်းခြင်းတွေ ပေးစွမ်းမယ့် စစ်မှန်တဲ့ချစ်ခြင်းတရားက သေချာပေါက်ရောက်ရှိလာပါလိမ့်မယ်။

Sagittarius

နိုဝင်ဘာ (၂၂) ကနေ ဒီဇင်ဘာ (၂၁) အတွင်း မွေးဖွားတဲ့ Sagittarius တွေအတွက်လည်း ဒီ (၂၀၂၂) က အချစ်ရေးအရ သိပ်ကိုကောင်းမွန်တဲ့ နှစ်တစ်နှစ်ဖြစ်နေပါလိမ့်မယ်။ ကတိတည်ပြီးတော့ ကမ္ဘာသစ်တခုကို ဖန်တီးတည်ဆောက်ပေးမယ့် အချစ်သစ်က ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ရှိလာလိမ့်မယ်လို့ဆိုထားပါတယ်။ ဒါပေမယ့် အတွေးတွေလွန်နေလို့တော့မရပါဘူး။ အံ့အားသင့်စရာကောင်းလွန်းလှတဲ့အချစ်က သင့်ရဲ့အတွေးလွန်မှုတွေကြောင့် မှေးမှိန်သွားနိုင်ပါတယ်။

Photo: New York Post

ကိုယ်က ဘယ်လိုအချစ်မျိုးကို လိုချင်တာလဲဆိုတာကို မေးခွန်းထုတ်နေစရာတောင် မလိုအပ်ဘဲ အလိုအပ်ဆုံးနဲ့ အကိုက်ညီဆုံးချစ်ခြင်းတရားကို ယူဆောင်လာပေးတဲ့အထိကို ကံကောင်းနိုင်မှာပါ။ အချစ်စစ်တွေ့ပြီလို့ စတင်ယုံကြည်လိုက်တဲ့ အချိန်စက္ကန့်ကစလို့ ထာဝရတည်တံ့မယ့် ချစ်ခြင်းတရားကို ပိုင်ဆိုင်ပြီလို့ ယုံကြည်နိုင်မှာလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က