Amazon ကို ကျော်ပြီး ထိပ်ဆုံးမှာ ရပ်တည်ထားတာပါ

Brand Directory ရဲ့ ဈေးကွက်အစီရင်ခံစာသစ်အရ Apple ဟာ ဒေါ်လာ ၃၅၅.၁ ဘီလျံနဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး အမှတ်တံဆိပ်တစ်ခုအဖြစ် နံပါတ်တစ်နေရာက ရပ်တည်နေတယ်လို့ ဆိုပါတယ်။

နှစ်စဉ် လုပ်ဆောင်တဲ့ Brand Finance Global 500 အညွှန်းဟာ ကုမ္ပဏီရဲ့ တန်ဖိုးပေါ် တွက်ချက်တာ မဟုတ်ဘဲ ကုန်အမှတ်တံဆိပ်ရဲ့ တန်ဖိုးကို တွက်ချက်ပြီး အဆင့်သတ်မှတ်တာပါ။ Apple ရဲ့ ထုတ်ကုန်တွေကို ရောင်းချဖို့ တခြား Third-Party ကုမ္ပဏီတစ်ခုခုကို လိုင်စင်ချပေးမယ်ဆိုရင် Appe Brand က ဘယ်လောက် တန်မလဲဆိုတဲ့အပေါ် စဉ်းစားတာ ဖြစ်ပါတယ်။ 



Photo: appleworld


Brand Finance ရဲ့ အဆိုအရ ဒီလိုမျိုး ထုတ်ကုန်ရောင်းချဖို့ လိုင်စင်ချပေးမယ်ဆိုရင် Apple Brand ဟာ ဒေါ်လာ ၃၅၅ ဘီလျံတန်မယ်လို့ ဆိုပါတယ်။ Apple ဟာ ၂၀၂၁ ခုနှစ်ထဲမှာလည်း ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး အမှတ်တံဆိပ်အဖြစ် Amazon ကို ပထမဆုံးအကြိမ် ကျော်တက်ခဲ့ပါတယ်။ Brand Finance Global 2021 အညွှန်းအရ Apple ဟာ ဒေါ်လာ ၂၆၃.၄ ဘီလျံကျော်နဲ့ တန်ဖိုးအမြင့်ဆုံး အမှတ်တံဆိပ်ရပ်တည်ခဲ့ပြီး ၂၀၂၂ မှာ အရင်နှစ်ကထက် ၃၅% ပိုပြီး တန်ဖိုးတက်လာခဲ့တာပါ။ 

Brand Finance ရဲ့ ထိပ်တန်းအမှတ်တံဆိပ် ၁၀ ခု စာရင်းမှာ Apple နောက် Amazon ( ဒေါ်လာ ဘီလျံ ၃၅၀ ကျော်) ၊ Google (ဒေါ်လာ ၂၆၃ ဘီလျံကျော်) ၊ Microsoft. (ဒေါ်လာ ၁၈၄ ဘီလျံကျော်) ၊ Walmart ( ဒေါ်လာ ၁၁၁ ဘီလျံကျော်) ၊ Samsung Group (ဒေါ်လာ ၁၀၇ ဘီလျံကျော်) ၊ Facebook (ဒေါ်လာ ၁၀၁ ဘီလျံကျော်) ၊ ICBC (Industrial and Commercial Bank of China) (ဒေါ်လာ ၇၅ ဘီလျံကျော်) ၊ Huawei (ဒေါ်လာ ၇၁ ဘီလျံကျော်) နဲ့ Verizon (ဒေါ်လာ ၆၈ ဘီလျံကျော်) တွေနဲ့ အစဉ်အတိုင်း ရပ်တည်နေပါတယ်။ 

Photo: nation


ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ကုန်အမှတ်တံဆိပ်များ စာရင်းမှာ အဆင့် ၁၈ နေရာက ရှိတဲ့ TikTok ဟာ ကမ္ဘာ့ဖွံ့ဖြိုးမှုအမြန်ဆုံး အမှတ်တံဆိပ်ဖြစ်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ ဒေါ်လာ ၁၈.၇ ဘီလျံ တန်ရာကနေ ၂၀၂၂ မှာ ဒေါ်လာ ၅၉ ဘီလျံအထိ ခုန်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ နည်းပညာကဏ္ဍဟာ တန်ဖိုးအမြင့်ဆုံးစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ရပ်တည်နေပြီး သူ့နောက်မှာ လက်လီ ၊ ဘဏ်ဝန်ဆောင်မှု ၊ မီဒီယာနဲ့ တယ်လီကွန်းလုပ်ငန်းတွေက အစဉ်အတိုင်း လိုက်ပါနေတယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က