တနင်္လာနေ့မှာကိုပဲ တွစ်တာချုပ် (Chief Twit) ကြီးရဲ့ အသားတင် ပိုင်ဆိုင်မှုထဲက ဒေါ်လာ ၈.၆ ဘီလျံ ကျဆင်းသွားခဲ့ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးဟာ ဒီနှစ်ထဲမှာ ဒေါ်လာဘီလျံရာနဲ့ချီ ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

နှစ်နှစ်အတွင်း Tesla ရှယ်ယာတွေ အနိမ့်ဆုံးပွိုင့်ကို ထိုးဆင်းသွားတာကြောင့် Tesla သူကြီး အီလွန်မတ်စ်ဟာ ၂၀၂၂ ခုနှစ်ထဲမှာ ဒေါ်လာဘီလျံ ၁၀၀ ကျော် အရှုံးပြခဲ့တာလို့ Bloomberg သတင်းက ဖော်ပြပါတယ်။ ဒီတစ်ပတ် တနင်္လာနေ့မှာကိုပဲ တွစ်တာချုပ် (Chief Twit) ကြီးရဲ့ အသားတင် ပိုင်ဆိုင်မှုထဲက ဒေါ်လာ ၈.၆ ဘီလျံ ကျဆင်းသွားခဲ့ပါတယ်။ 




Photo: Bloomberg

အခုလို ဒေါ်လာဘီလျံရာနဲ့ချီ ဆုံးရှုံးခဲ့တာတောင် အီလွန်မတ်စ်ဟာ ဒေါ်လာ ၁၆၉.၈ ဘီလျံနဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးအဖြစ် ဆက်လက်ရပ်တည်နေတယ်လို့လည်း Bloomberg Billionaires Index က ဖော်ပြပါတယ်။ ပြီးခဲ့တဲ့တစ်နှစ်ကျော်က ဒေါ်လာ ၃၄၀ ဘီလျံအထိ ချမ်းသာခဲ့တဲ့ သူဟာ ဒီနှစ်ထဲမှာ ဒေါ်လာ ၁၀၀.၅ ဘီလျံ ဆုံးရှုံးခဲ့တာပါ။

နှစ်ဆန်းပိုင်းက Twitter ကို ဒေါ်လာ ၄၄ ဘီလျံနဲ့ ဝယ်ဖို့ သဘောတူညီချက်ရပြီးနောက် လိုအပ်တဲ့ ငွေထဲကတချို့အတွက် သူ့ပိုင် Tesla စတော့ခ်ရှယ်ယာတချို့ ထုတ်ရောင်းခဲ့ရတာ ရှိပါတယ်။ Twitter ကို ဝယ်ပြီးနောက်ပိုင်းမှာတောင် အီလွန်မတ်စ်ဟာ Tesla ရှယ်ယာ ၄ ဘီလျံဖိုးနီးပါး ထပ်ရောင်းခဲ့ရပါတယ်။ နိုဝင်ဘာလဆန်းပိုင်းက သတင်းတွေအရ ၂၀၂၂ ခုနှစ်အတွင်း သူဟာ Tesla ရှယ်ယာ ဘီလျံ ၂၀ နီးပါးဖိုး ရောင်းချခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ 

Twitter ကို ဝယ်ပြီး ပုဂ္ဂလိကပိုင် ပြောင်းလိုက်ပြီးနောက်မှာ အီလွန်မတ်စ်ဟာ ကုမ္ပဏီကို စိတ်ကြိုက်ကိုင်တွယ်ခဲ့သလို သူကိုယ်တိုင်လည်း ကုမ္ပဏီအမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူခဲ့ပါတယ်။ ကုမ္ပဏီကို ဝယ်ပြီး ရက်ပိုင်းအတွင်း ထိပ်ပိုင်းခေါင်းဆောင်တွေအပါအဝင် ဝန်ထမ်းထောင်နဲ့ချီ အလုပ်ဖြုတ်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က