Foldable ထုတ်ကုန်တွေကို ပိုအာရုံစိုက်သွားမှာပါ

နာမည်ကျော် Galaxy Note စီးရီးတွေရဲ့ ခရီးတော့ အဆုံးသတ်ချိန်ရောက်လာပြီ 

တောင်ကိုရီးယားစမတ်ဖုန်းကုမ္ပဏီ Samsung ဟာ Galaxy Note မော်ဒယ် ထုတ်လုပ်မှု ရပ်ဆိုင်းပြီး Foldable ထုတ်ကုန်တွေဘက် အာရုံစိုက်ဖို့ စီစဉ်နေပါတယ်။ Android Police သတင်းအရ Samsung ဟာ Galaxy Note စီးရီး ဖျက်သိမ်းမှုကို အပိုင်းနှစ်ခုနဲ့ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ 



Photo: wccftech


ပထမဆင့်အနေနဲ့ ၂၀၂၂ ခုနှစ်မှာ နောက်ထပ် Galaxy Note ထုတ်ကုန် ဖြန့်ချိဖို့ မရှိတော့ဘဲ ကုမ္ပဏီရဲ့ Flagship ဖုန်းသစ် Galaxy S22 စီးရီးနဲ့ Foldable ဖုန်းသစ်တွေပဲ ကြေညာသွားမှာ ဖြစ်ပြီး ဒုတိယအဆင့်မှာ ၂၀၂၁ နှစ်ကုန်ပိုင်းကစပြီး Galaxy Note 20 စီးရီး ထုတ်လုပ်မှု လုံးဝရပ်ဆိုင်းတော့မှာ ဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ်မှာ Galaxy Note 20 စီးရီးကနေ အလုံးရေ ၃.၂ သန်းပဲ ရောင်းချခဲ့ရပြီး ဒါဟာ ၂၀၂၀ Galaxy Note ရောင်းအားရဲ့ သုံးပုံတစ်ပုံပဲ ရှိခဲ့တာ ဖြစ်တယ်လို့ GSMArena က ဖော်ပြပါတယ်။ ၂၀၁၉ နဲ့ ၂၀၂၀ ပြည့်နှစ်တွေမှာ Samsung ဟာ Galxy Note စီးရီး ၉.၇ သန်းနဲ့ ၁၂.၇ သန်းတို့ ထုတ်လုပ်ခဲ့ပြီး ၂၀၂၁ မှာတော့ Note series ဖုန်းသစ်တွေ မိတ်ဆက်လာခြင်း မရှိခဲ့ပါဘူး။ 

ဖျက်သိမ်းလိုက်တဲ့ Galaxy Note Series တွေနေရာမှာ Galaxy S22 Ultra ရောက်လာမှာ ဖြစ်ပြီး Note 20 စီးရီးနဲ့ ဒီဇိုင်းအားဖြင့်ရော built-in stylus ထည့်ထားခြင်းပါ အတူတူ မြင်တွေ့ရဖို့ ရှိပါတယ်။ Galaxy Z Fold စီးရီးတွေမှာလည်း S Pen ပါပေမယ့် Note မော်ဒယ်တွေလို ဖုန်းဘော်ဒီထဲ ထည့်သွင်းလာတာ မဟုတ်ပါဘူး။ Galaxy Note Lineup အစား လာမယ့် ၂၀၂၂ မှာ Galaxy Z Fold စီးရီးကို အလုံးရေ ၁၃ သန်းအထိ တိုးမြှင့် ထုတ်လုပ်ဖို့ Samsung က ပစ်မှတ်ထားနေပါတယ်။ 

Photo: zdnet


Galaxy Note 20 ထုတ်လုပ်မှု ဖျက်သိမ်းကြောင်း မကြေညာခင်မှာ ကုမ္ပဏီဟာ Galaxy Note 20 အတွက် Android 12 Beta ဖြန့်ချိထားပါတယ်။ SamMobile သတင်းအရ Galaxy Note 20 နဲ့ Note 20 Ultra နှစ်မျိုးစလုံးမှာ Android 12 နဲ့ OneUI 4.0 beta program တိုးချဲ့သွားမယ်လို့ ဖော်ပြထားပါတယ်။ Android 12 update သစ်မှာ Samsung ဟာ ကင်မရာ ၊ Gallery ၊ ကီးဘုတ်နဲ့ Weather app လိုမျိုး stock apps တွေကို အဆင့်မြှင့်တင်မှု လုပ်ထားတယ်လို့လည်း ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က