တိုက်စစ်ကစားသမားတွေဟာ ၎င်းတို့ရဲ့ ကြောက်မက်ဖွယ်မြန်နှုန်းနဲ့ ပြိုင်ဘက်ကစားသမားတွေကို ဖြတ်ကျော်ပြတာ မြင်ရတာကလည်း ဖျော်ဖြေမှုတစ်ခုဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားဟာ စိတ်လှုပ်ရှားဖွယ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ ပြိုင်ပွဲဖြစ်ပြီ လျင်မြန်တဲ့ တိုက်စစ်ကစားသမားတွေဟာ ၎င်းတို့ရဲ့ ကြောက်မက်ဖွယ်မြန်နှုန်းနဲ့ ပြိုင်ဘက်ကစားသမားတွေကို ဖြတ်ကျော်ပြတာ မြင်ရတာကလည်း ဖျော်ဖြေမှုတစ်ခုဖြစ်ပါတယ်။

ဘောလုံးယှဉ်လုရာမှာ ခြေတလှမ်းအသာစီးရရှိခြင်းကလည်း ပွဲစဉ်တွေမှာ အဆုံးအဖြတ်ပေးနိုင်တဲ့ အခိုက်အတန့်တွေကို ဖြစ်ပေါ်လာစေနိုင်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လျှပ်ပြက်တဲ့မြန်နှုန်းအချို့ကို မြင်တွေ့ခဲ့ရပြီးဖြစ်ပေမယ့်လည်း ဘယ်ကစားသမားတွေက ထိပ်တန်းမြန်နှုန်းတွေကို ပြသထားလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

၅။ ဒန်နီရယ် ဂျိမ်းစ်(ဝေးလ်စ်)-တစ်နာရီ ၃၅.၃၈ ကီလိုမီတာ


ဝေးလ်စ်တောင်ပံကစားသမားဟာ မြန်နှုန်းကြောင့် ကျော်ကြားတဲ့ကစားသမားဖြစ်ပြီး မြန်နှုန်းကိုပဲ အားကိုးလွန်းပြီး နည်းစနစ်ပိုင်း စွမ်းရည်ကို တိုးတက်အောင် မလုပ်တဲ့အတွက် ဝေဖန်မှုတွေ ခံခဲ့ရသူဖြစ်ပါတယ်။ ဒန်နီရယ် ဂျိမ်းစ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တစ်နာရီကို ၃၅.၃၈ ကီလိုမီတာ မြန်နှုန်းအထိ ပြေးလွှားနိုင်ခဲ့ပေမယ့်လည်း ဝေးလ်စ်အသင်းဟာ ကမ္ဘာ့ဖလားအုပ်စုအဆင့်မှာပဲ ထွက်ခဲ့ရလို့ တခြားပြိုင်ဘက်တွေက ဝေးလ်စ်တောင်ပံကစားသမားရဲ့ မြန်နှုန်းကို ကျော်တက်သွားခဲ့ကြတာဖြစ်ပါတယ်။

၄။ အန်တိုနီး ရော်ဘင်ဆင်(ယူအက်စ်အေ)-တစ်နာရီ ၃၅.၃၈ ကီလိုမီတာ


ဒန်နီရယ် ဂျိမ်းစ်ရဲ့ ဖူလ်ဟမ်အသင်းဖော် အန်တိုနီး ရော်ဘင်ဆင်ကလည်း ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲက အလျင်မြန်ဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် ဘယ်နောက်ခံလူဟာ ယူအက်စ်အေအတွက် အလွန်ကောင်းမွန်တဲ့ ခြေစွမ်းပြသခဲ့တာဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် နောက်ခံလူဟာ ကာတာမှာ တစ်နာရီကို ၃၅.၃၈ ကီလိုမီတာ မြန်နှုန်းအထိ ပြေးလွှားနိုင်ခဲ့ပြီး ပြိုင်ပွဲတလျှောက်မှာ အသင်းကို ပေးဂိုးမရှိပွဲစဉ် ၂ ပွဲရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။

၃။ ဒေးဗစ် ရောင်း(ဂျာမနီ)- တစ်နာရီ ၃၅.၄၀ ကီလိုမီတာ


ဂျာမနီဘယ်နောက်ခံလူ ဒေးဗစ် ရောင်းဟာ အုပ်စုပွဲစဉ် ၃ ပွဲစလုံးမှာ အထင်ကြီးဖွယ်ခြေစွမ်းပြသခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ ကော်စတာ ရီကာနဲ့ပွဲမှာ ဂိုးဖန်တီးမှုတောင် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ရောင်းရဲ့ ထိပ်တန်းမြန်နှုန်းဟာ တစ်နာရီကို ၃၅.၄၀ ကီလိုမီတာအထိ ရှိခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲက အလျင်မြန်ဆုံး ကစားသမားတွေထဲမှာ တစ်ဦးအပါအဝင် ဖြစ်စေခဲ့တာဖြစ်ပါတယ်။

၂။ နီကို ဝီလီယံစ်(စပိန်)- တစ်နေရာ ၃၅.၅၉ ကီလိုမီတာ


အက်သလက်တစ် ဘီလ်ဘာအိုတောင်ပံကစားသမား နီကို ဝီလီယံစ်ဟာ ကမ္ဘာ့ဖလားမှာ အကျိုးသက်ရောက်မှု များများစားစားမပြုလုပ်နိုင်ခဲ့ဘဲ လူစားဝင်ကစားသမားအဖြစ်သာ များသောအားဖြင့် အသုံးပြုခြင်းခံခဲ့ရပါတယ်။ ဝီလီယံစ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတစ်ကြိမ်မှ မပြုလုပ်နိုင်ဘဲ နှုတ်ဆက်ခဲ့ရတာဖြစ်ပေမယ့်လည်း တစ်နာရီကို ၃၅.၅၉ ကီလိုမီတာမြန်နှုန်းအထိ စံချိန်တင်နိုင်ခဲ့တာနဲ့ပဲ ဖြေသိမ့်ရမှာဖြစ်ပါတယ်။

၁။ ကာမာလ်ဒင်း ဆူလေမာနာ(ဂါနာ)- တစ်နာရီ ၃၅.၆၉ ကီလိုမီတာ


ဂါနာလူငယ်တောင်ပံကစားသမား ဆူလေမာနာဟာ တစ်နာရီကို ၃၅.၆၉ ကီလိုမီတာ မြန်နှုန်းအထိ ပြေးလွှားနိုင်ခဲ့ပြီး ကာတာမှာ အလျင်မြန်ဆုံး ကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ကစားသမားရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ပတ်သက်မှုဟာ လူစားဝင်ကစားသမားအဖြစ် ၂ ပွဲသာ ကစားခဲ့ရတာဖြစ်ပေမယ့်လည်း ၎င်းရဲ့ တောက်ပတဲ့ မြန်နှုန်းနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားမှာ စံချိန်မှတ်တမ်းတစ်ခု ချန်ရစ်နိုင်ခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က