၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ကာတာမှာ ကျင်းပသွားမှာပါ။

ဟန်ဆီဖလစ်ရဲ့အသင်းဟာ ပြိုင်ဘက်ကို သက်တောင့်သက်သာနဲ့ အနိုင်ရရှိခဲ့ပြီး ချယ်လ်ဆီးမှာပါ ဂိုးပေါက်ပြန်တွေ့နေတဲ့ ဗာနာက ၂ဂိုးအထိသွင်းယူနိုင်ခဲပါတယ်။ 


ကိုင်ဟာဗက်ဇ်၊ တီမိုဗာနာ၊ မူစီယာလာတို့ရဲ့ သွင်းဂိုးတွေနဲ့ မြောက်မက်ဆီဒိုးနီးယားကို ၄-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဂျာမနီဟာ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပွဲအတွက် ပထမဆုံးခြေစစ်ပွဲအောင်အသင်းဖြစ်လာခဲ့ပါတယ်။ ဟန်ဆီဖလစ်ရဲ့အသင်းဟာ ပြိုင်ဘက်ကို သက်တောင့်သက်သာနဲ့ အနိုင်ရရှိခဲ့ပြီး ချယ်လ်ဆီးမှာပါ ဂိုးပေါက်ပြန်တွေ့နေတဲ့ ဗာနာက ၂ဂိုးအထိသွင်းယူနိုင်ခဲပါတယ်။ 



အုပ်စုတွင်းမှာ ၈ ပွဲကစားပြီးချိန် ဂျာမနီက တစ်ပွဲသာရှုံးနိမ့်ခဲ့ပြိး ကျန်ပွဲအားလုံးကို အနိုင်ရရှိခဲ့ကာ ရမှတ် ၂၁ မှတ်ရရှိထားခဲ့တာဖြစ်ပါတယ်။ ဒုတိယနေရာက ရိုမေးနီယားကတော့ ရမှတ် ၁၃ မှတ်ရရှိထားပေမယ့် ၈ မှတ်အထိ ဂျာမနီက အသာစီးရရှိထားလို့ ပွဲစဉ်မကုန်သေးခင်မှာပဲ ကမ္ဘာ့ဖလားခြေစစ်ပွဲကို အောင်မြင်ခဲ့ပြီး ဥရောပမှာသာမက ကျန်သက်ဆိုင်ရာဇုန်တွေထက်လည်း အရင်ဆုံးခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပါတယ်။ 

ကာတာကတော့ အိမ်ရှင်အသင်းဖြစ်လို့ အလိုအလျောက်ဝင်ရောက်ကစားခွင့်ရမှာဖြစ်ပြီး ခြေစစ်ပွဲအသင်းတွေထဲမှာ ဂျာမနီက ပထမဆုံးအသင်းဖြစ်လာခဲ့တာပါ။ ယူရိုပြိုင်ပွဲမှာ အခြေမလှခဲ့ပေမယ့်လည်း ဂျာမနီကတော့ သူတို့ရဲ့ထုံးစံအတိုင်း ပြိုင်ပွဲကြီးတွေကို မပျက်မကွက်ဝင်ရောက်ကစားနိုင်တဲ့ အရည်အသွေးရှိနေဆဲဖြစ်ကာ ၂၀၁၈ ရုရှားကမ္ဘာ့ဖလားတုန်းက မအောင်မြင်ခဲ့တာတွေကိုလည်း ချေဖျက်နိုင်ဖို့ အခွင့်အရေးရရှိခဲ့ပြီဖြစ်ပါတယ်။


နည်းပြဟန်ဆီဖလစ်အတွက်လည်း လက်ရွေးစင်အသင်းနဲ့အတူ အဓိကပြိုင်ပွဲကြီးတစ်ပွဲကို နဖူးတွေ့ဒူးတွေ့ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ ဘိုင်ယန်နည်းပြဘဝမှာ အောင်မြင်ခဲ့ပြီးနောက် ဂျိုအာချင်လိုနေရာကို ဖလစ်က အစားထိုးဝင်ရောက်လာခဲ့တာဖြစ်ပြီး သူ့လက်ထက်မှာတော့ ဂျာမနီက ပိုမိုကောင်းမွန်တဲ့ပုံစံတွေကို ပြသလာနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က