Urbana Play နဲ့ အင်တာဗျူးအတွင်း အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလားအောင်ပွဲအပေါ်မှာ ဖွင့်ဟ ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ကာတာက ၂၀၂၂ ကမ္ဘာ့ဖလားအောင်ပွဲအတွင်း ၎င်းရဲ့ အကြီးမားဆုံးနောင်တတွေထဲက တစ်ခုအကြောင်းကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။

လီယွန်နယ် မက်ဆီဟာ ၂၀၂၁ ကိုပါအမေရိက ချန်ပီယံတွေကို ၁၉၈၆ ခုနှစ်နောက်ပိုင်း ပထမဆုံး ကမ္ဘာ့ဖလားအောင်မြင်မှု ရရှိအောင် ဦးဆောင်ပေးခဲ့တာဖြစ်ပြီး အာဂျင်တီးနားအသင်းဟာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ ပြင်သစ်ကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရွေးစင်ကစားသမားဘဝကနေ အနားယူမယ့်သတင်းတွေကို ငြင်းပယ်ခဲ့တဲ့ ဘလွန်ဒေါ ၇ ဆုရှင်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။


အာဂျင်တီးနားအသင်းရဲ့ နယ်သာလန်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်အတွင်း မိုလီနာက အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက် လီယွန်နယ် မက်ဆီက ဒုတိယပိုင်းမှာ ပင်နယ်တီကနေတဆင့် ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူခဲ့တာ ဖြစ်ပါတယ်။ နယ်သာလန်အသင်းအတွက် မန်ချက်စတာယူနိုက်တက်ကို ယခုလမှာ အငှားနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဗက်ဟော့စ်က အရန်ခုံကနေ လူစားဝင်လာခဲ့ပြီး ဒုတိယပိုင်းအတွင်း အံ့အားသင့်ဖွယ် ချေပဂိုး ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဂျင်တီးနားအသင်းဟာ ပင်နယ်တီ အဆုံးအဖြတ်မှာ တစ်ယောက်လျော့နေတဲ့ နယ်သာလန်အသင်းကို ၄-၃ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ တင်းမာမှုတွေကလည်း ဆက်လက် မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီဟာ ပွဲပြီး အင်တာဗျူးအတွင်း အနားကနေ ဖြတ်သွားတဲ့ နယ်သာလန်တိုက်စစ်မှူး ဗက်ဟော့စ်ကို ဒေါသတကြီး တိုက်ခိုက်ခဲ့ပြီး "အရူး မင်း ဘာလာကြည့်တာလဲ"လို့ လှမ်းပြောခဲ့တာ ဖြစ်ပါတယ်။ 


အသက် ၃၅ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးဟာ အာဂျင်တီးနား ရေဒီယိုဌာန Urbana Play နဲ့ အင်တာဗျူးအတွင်း အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလားအောင်ပွဲအပေါ်မှာ ဖွင့်ဟ ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။ "ကျွန်တော်လုပ်ခဲ့တာတွေက ကျွန်တော် မနှစ်သက်ပါဘူး။ ပွဲအပြီးမှာ ဖြစ်ပျက်ခဲ့တာကို ကျွန်တော် မနှစ်သက်ပါဘူး။ တင်းမာမှုတွေအများကြီးဖြစ်ခဲ့တဲ့ အခိုက်အတန့်တွေ ရှိခဲ့ပြီး စိတ်မထိန်းနိုင်ခဲ့ပါဘူး။ အဲဒါက အရမ်းလျင်မြန်ပြီး လူတွေက သူတို့ တုံ့ပြန်ချင်တဲ့ပုံစံအတိုင်း တုံ့ပြန်ကြတယ်"

"ဘာမှ ကြိုတင်စီစဉ်ထားတာမရှိဘဲ ဒီတိုင်း ဖြစ်သွားခဲ့တာပါ။ ကျွန်တော် အဲဒီပုံစံအတိုင်းပဲ တုံ့ပြန်ခဲ့တယ်။ ဒီကစားသမား(ဗက်ဟော့စ်)နဲ့ အရာတော်တော်များများ ဖြစ်ခဲ့တာရှိပြီး ဒီလိုမျိုး တင်းမာတဲ့ အခိုက်အတန့်တွေရှိခဲ့တယ်။ ကျွန်တော်က ပွဲပြီး အင်တာဗျူးဖြေတဲ့နေရာမှာ ရှိနေပြီး အဲဒီလိုပဲ ဖြစ်သွားခဲ့တယ်။ ကျွန်တော် ဒီလို ပုံရိပ်မျိုး မချန်ထားခဲ့ချင်ပေမယ့် ဒီလိုအရာတွေက ဖြစ်တတ်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က