5G လှိုင်းနှုန်းစဉ်လေလံလည်း လုပ်သွားမှာပါ

အိန္ဒိယအစိုးရဟာ လာမယ့်နှစ်အတွင်း မြို့ကြီး ၄ မြို့မှာ 5G ဝန်ဆောင်မှုတွေ ဖြန့်ကြက်သွားမယ်လို့ ဆိုပါတယ်။ 

အိန္ဒိယတယ်လီကွန်းဆက်သွယ်ရေးဝန်ကြီးဌာန (DoT) ရဲ့ တနင်္လာနေ့က ထုတ်ပြန်ချက်ထဲမှာ ပဉ္စမမျိုးဆက် ကြိုးမဲ့ဆက်သွယ်ရေးနည်းပညာ 5G ကို မြို့ကြီး ၄ မြို့မှာ စတင် ဖြန့်ချိပြီး ၂၀၂၃ ခုနှစ်မှာ နောက်ထပ် မြို့ကြီးတွေမှာ 5G ကွန်ရက်ရအောင် လုပ်ဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။ 5G လှိုင်းနှုန်းစဉ်လေလံပွဲတွေလည်း ကွန်ရက်ဖြန့်ကြက်မှု မလုပ်ခင်မှာ ကျင်းပသွားဖို့ ပြင်နေပေမယ့် ရက်တော့ ထွက်မလာသေးပါဘူး။



Photo: TechBea


ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ DoT ဟာ တယ်လီကွန်းကဏ္ဍကြီးကြပ်ရေးအဖွဲ့ TRAI ဆီကနေ လေလံအတွက် သတ်မှတ်ကြေး ၊ Band Plan ၊ ဖြန့်ကြက်အရွယ်အစားနဲ့ လှိုင်းနှုန်းစဉ်အပါအဝင် ကဏ္ဍအရပ်ရပ်အတွက် ထောက်ခံချက် ရယူခဲ့တယ်လို့ ဆိုပါတယ်။ 

"TSP (Telecom Service Providers) တွေအတွက် ကြိမ်နှုန်းခွဲဝေမှုကို စောနိုင်သမျှ စောစော စတင်ဖို့ ရှိပါတယ်။" လို့ DoT ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

5G ဝန်ဆောင်မှု ဖြန့်ကြက်မှုနဲ့ ပတ်သက်ပြီး TSP တွေထဲက Bharti Airtel ၊ Reliance Jio နဲ့ Vodafone Idea တို့ဟာ ဂူရူဂရမ် ၊ ဘန်ဂလော ၊ ကိုးလ်ကတ္တား ၊မွမ်ဘိုင်း ၊ ချန်ဒီဂါ့ချ် ၊ ဒေလီ ၊ ဂျမ်နဂါ ၊ အမ္မဒါဘတ် ၊ ချန်နိုင်း ၊ ဟိုက်ဒရာဘတ် ၊ လက်ခနောင် ၊ ပူနေး ၊ ဂန္ဒီနာဂါ မြို့တွေမှာ 5G ကွန်ရက်စမ်းသပ်မှုတွေ လုပ်ဆောင်ထားပြီ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီ မြို့ကြီးတွေဟာ လာမယ့်နှစ် 5G ကွန်ရက်ဖြန့်ကြက်မှုမှာ ပထမဆုံး ဝန်ဆောင်မှုရမယ့်မြို့တွေ ဖြစ်လာမယ်လို့လည်း ထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။ 

လှိုင်းနှုန်းစဉ် Bands တွေ အနေနဲ့ အိန္ဒိယအစိုးရဟာ ပုဂ္ဂလိကနဲ့ အများသုံး 5G ကွန်ရက်တွေအတွက် 526-698 MHz, 700 MHz, 800 MHz, 900 MHz, 1800 MHz, 2100 MHz, 2300 MHz, 2500 MHz, 3300-3670 MHz နဲ့ 24.25-28.5 GHz တို့ကို အသိအမှတ်ပြုထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က