၆ ပွဲကစားခဲ့ရာမှာ တဂိုးမှမသွင်းယူနိုင်ခဲ့တာပါ။

မနေ့က ကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ တဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ရော်နယ်ဒိုတယောက် ဂိုးပေါက်ထပ်ပျောက်ခဲ့ရပါတယ်။ ဒါဟာ သူ့အတွက်တော့ ၆ ပွဲဆက်တိုက်ဂိုးပေါက်ပျောက်ခဲ့ရတာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်ဟာ ရီးရဲလ်ကစားသမားဘ၀မှာ ၅ ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် အဆိုးဝါးဆုံးဂိုးမိုးခေါင်မှုနဲ့ ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ် ရော်နယ်ဒိုဟာ ပွဲချိန်အတွင်း အခွင့်အရေးတကြိမ်ရရှိခဲ့ပေမယ့်လည်း အသုံးမချနိုင်ခဲ့ဘဲ လက်လွှတ်ခဲ့ရပါတယ်။ အသင်းဖော်တွေဆီက လုံလောက်တဲ့ ပံ့ပိုးပေးမှုတွေကို သူ မရရှိခဲ့သလို ကိုယ်တိုင်ကလည်း ပြိုင်ဘက်ဧရိယာအနီးတဝိုက်မှာ နေရာယူမှုတွေမှားယွင်းနေခဲ့လို့ အချိတ်အဆက်မိမိကစားနိုင်ခဲ့ခြင်းမရှိတာကိုလည်း တွေ့ခဲ့ရပါတယ်။ 

ရော်နယ်ဒိုရဲ့ ဒီပွဲမှာ သွင်းဂိုးပျောက်ဆုံးခဲ့မှုဟာ ၂၀၂၂ ခုနှစ်အတွင်း သူ သွင်းဂိုးတဂိုးတောင်မှ မရရှိသေးတဲ့ စံချိန်ဆိုးကိုလည်း ဆက်လက်တည်မြဲနေစေခဲ့ပါတယ်။ ၀ုလ်ဗ်၊ ဗီလာ၊ ဘရန့်ဖို့ဒ်၊ ဝက်စ်ဟမ်း၊ မစ်ဒယ်ဘရော့၊ ဘန်လေ၊ ဆောက်သမ်တန်တို့ ပွဲစဉ်တွေဖြစ်ပြီး အဆိုပါပွဲတွေမှာ သူ ပါဝင်ကစားခွင့်ရရှိခဲ့ပေမယ့် ဂိုးပေါက်ပျောက်နေခဲ့တာဖြစ်ပါတယ်။ 

ဒါဟာ ရော်နယ်ဒိုရဲ့ ခြေစွမ်း ကျဆင်းလာနေပြီဆိုတာကို အထင်အရှားဖြစ်စေခဲ့သလို တဖက်မှာလည်း ယူနိုက်တက်အသင်းတွင်း ကြီးမားတဲ့ ပြသနာတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာကိုလည်း သိသာစေခဲ့ပါတယ်။ ယူနိုက်တက်ဟာ နောက်ဆုံး ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ပြီး အမှတ်ပေးပြိုင်ပွဲမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့တောင် တော်တော်လေးရုန်းကန်ရတော့မယ့် အနေအထားမှာ ရှိနေခဲ့ပြီဖြစ်ပါတယ်။ 

Share

က္က