၂၀၂၁ ပထမသုံးလပတ်နဲ့ နှိုင်းယှဉ်ရင် ကမ္ဘာ့စမတ်ဖုန်း Chipset ဈေးကွက်ဟာ ၅% ကျဆင်းခဲ့ပေမယ့် ဝင်ငွေမြင့်တက်ခဲ့ပါတယ်

ထိုင်ဝမ် Semiconductor ကုမ္ပဏီ TSMC ဟာ ကမ္ဘာ့စမတ်ဖုန်း chipset ဈေးကွက်ရဲ့ ၇၀% နီးပါးကို လွှမ်းခြုံထားတယ်လို့ ဆိုပါတယ်။ 

CounterPoint Research ရဲ့ အချက်အလက်တွေအရ ၂၀၂၂ ပထမသုံးလပတ်အတွင်း TSMC က ကမ္ဘာ့စမတ်ဖုန်း Chipset ရဲ့ ၇၀% နီးပါးကို ထိန်းချုပ်ထားပြီး Samsung Foundry က ၃၀% ပိုင်ဆိုင်ထားတယ်လို့ ဖော်ပြထားပါတယ်။ TSMC ဟာ စမတ်ဖုန်း chipset တွေထဲမှာ ပါဝင်တဲ့ System-On-Chip (SoC) ၊ Application Processors နဲ့ Cellular Modems တွေရဲ့ ၇၀% ကို ထိန်းချုပ်ထားတာလည်း ဖြစ်ပါတယ်။ 



Photo : GSMArena


၂၀၂၁ ပထမသုံးလပတ်နဲ့ နှိုင်းယှဉ်ရင် ကမ္ဘာ့စမတ်ဖုန်း Chipset ဈေးကွက်ဟာ ၅% ကျဆင်းခဲ့တယ် ဆိုပေမယ့် ကာလတူ ဝင်ငွေအနေနဲ့ ဒီတစ်ခေါက်မှာ ၂၃% ပို မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ချက်က TSMC က ထုတ်ပေးနေတဲ့ Chipset ဟာ နှစ်အလိုက် ၉ % အကျဘက် ရောက်လာတယ်လို့ ဆိုပါတယ်။ Qualcomm ရဲ့ Snapdragon 8 Gen 1 SoC သစ်ကို ထုတ်လုပ်ပေးနေရတဲ့ Samsung ဟာ ၂၀၂၂ Q1 မှာ စမတ်ဖုန်း chipset nodes ဝေစု ၆၀% အထိ ရလာခဲ့တယ်လို့ Counterpoint က ဖော်ပြပါတယ်။ 

ဒီနှစ်အတွက် လက်ကျန်ကာလတွေမှာ Snapdragon 8+ Gen 1 SoC သုံးတဲ့ TSMC ရဲ့ 4nm node ကြောင့် TSMC ဟာ chipset nodes ဈေးကွက်ဝေစု ပြန်လွှမ်းမိုးလာဖို့ ရှိပါတယ်။ Qualcomm ၊ MediaTek နဲ့ Apple တို့အားလုံးဟာ TSMC ရဲ့ 4nm process node ကို သုံးသွားမယ်လို့လည်း မျှော်လင့်ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က