၂၀၂၂ နောက်ပိုင်းထွက် iPhone တွေမှာ SIM Slot ပေါက်ပါ ဖယ်ရှားတော့မလားဆိုတာ စိတ်ဝင်စားစရာဖြစ်လာနေပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်က ဘရာဇီးဝက်ဘ်ဆိုက်တစ်ခုဟာ iPhone 15 Pro မှာ Physical SIM Card Slot ပါမှာ မဟုတ်ဘူးလို့ ဖော်ပြခဲ့ပါတယ်။ Blog do iPhone ဝက်ဘ်ဆိုက်ရဲ့ အဆိုအရ နိုင်ငံနဲ့ ဈေးကွက်တချို့ထဲ ဝင်ရောက်မယ့် iPhone 15 Pro မော်ဒယ်တွေမှာ SIM Slot မပါဖို့ ရှိတယ်ဆိုပြီး ပြောခဲ့တာပါ။ မကြာခင်မှာပဲ ဒီသတင်းဟာ အပြောင်းအလဲဖြစ်သွားပါတယ်။
Photo: MacRumors
MacRumors ကို သတင်းပေးတဲ့ အမည်မဖော်လိုတဲ့သတင်းပေးတစ်ဦးကတော့ Apple ဟာ အမေရိကန်ထိပ်တန်းတယ်လီကွန်းကြီးတွေကို လာမယ့် ၂၀၂၂ ခုနှစ် စက်တင်ဘာကစပြီး eSIM ပဲ ရတဲ့ဖုန်းတွေ ဖြန့်ချိမယ့်ကိစ္စအတွက် ကြိုပြီး ပြင်ဆင်ထားဖို့ အကြံပြုထားတယ်လို့ ပြောပါတယ်။ ဒီသတင်းပေးတဲ့သူဟာ အစစ်အမှန်ဖြစ်မယ်လို့ ယူဆရတဲ့ စာရွက်စာတမ်းနဲ့တကွ ပြောခဲ့တာပါ။
စာမှာတော့ Apple ဒါမှမဟုတ် iPhone လို့ အထူးပြု ဖော်ပြထားတာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။ အပြောင်းအလဲသစ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ၂၀၂၂ ဒုတိယသုံးလပတ်ကစပြီး အမေရိကန်တယ်လီကွန်းတချို့ဟာ nano-SIM Card မပါတဲ့ iPhone 13 မော်ဒယ်တွေပဲ ရောင်းချသွားဖို့လည်း ရှိတယ်လို့ ဆိုပါတယ်။ Apple Store နဲ့ Apple ဝက်ဘ်ဆိုက်ပေါ်မှာ ရောင်းတဲ့ iPhone 13 မော်ဒယ်တွေမှာတော့ nano-SIM card မပါတာတွေပဲ ရောင်းချထားပါတယ်။
eSIM လို့ခေါ်တဲ့ ဒစ်ဂျစ်တယ် SIM ဟာ nano-SIM card မသုံးဘဲ Cellular plan နဲ့ activate လုပ်တာ ဖြစ်ပြီး လောလောဆယ် eSIM service ကို နိုင်ငံတိုင်းမှာ ရရှိသေးတာ မဟုတ်တာကြောင့် SIM Slot ပါတဲ့ iPhone တွေကို တချို့ဈေးကွက်ထဲ တင်ပို့နေရတာပါ။ နောက်ပိုင်း ကမ္ဘာတစ်ဝှမ်းမှာ eSIM Services ပေးတဲ့ အော်ပရေတာ ၁၀၀ ကျော် ရှိလာခဲ့ပြီး ၂၀၂၂ ထဲမှာ ယူကေက Three နဲ့ နယူးဇီလန်က Vodafone တို့ဟာလည်း eSIM ဝန်ဆောင်မှု ဖြန့်ချိဖို့ ပြင်နေကြပါတယ်။