လီဗာပူးလ်နဲ့ပွဲမှာ လှပလွန်းတဲ့ကန်သွင်းချက်နဲ့ ဂိုးရယူခဲ့တာပါ။

လီဗာပူးလ်နဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ချယ်လ်ဆိးကွင်းလယ်လူကိုဗာဆစ်ဟာ ဒီရာသီပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့ပြီလို့ ပရိသတ်တွေက မှတ်ချက်ပြုခဲ့ကြပါတယ်။ လီဗာပူးလ်က ၂-၀ နဲ့ ဦးဆောင်နေချိန်မှာ ကိုဗာဆစ်က ချယ်လ်ဆိးအတွက် ပထမချေပဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး လှပတဲ့အဝေးကန်သွင်းချက်နဲ့ ရယူသွားခဲ့တာလည်းဖြစ်ပါတယ်။ 

ဒီဂိုးက ချယ်လ်ဆီးကို စိတ်ဓာတ်ပိုင်းပြန်လည်တက်ကြွလာစေခဲ့ပြိး ၂ဂိုးပြတ်အရေးနိမ့်မှုကို ပြန်လည်ချေပနိုင်ဖို့လည်း အဓိကကျခဲ့ပါတယ်။ အလွန်ဆိုရဲ့ တည်ကန်ဘောကို လီဗာပူးလ်ဂိုးသမားပုတ်ထုတ်ရာကနေ ပြန်လျှံထွက်လာတဲ့ ဘောလုံးကို ကိုဗာဆစ်က ဂိုးဧရိယာစည်းထိပ်ကနေ အပိုင်စောင့်ပြီးတော့ ကန်သွင်းခဲ့ရာမှာ လီဗာပူးလ်ဂိုးသမားဘာမှမတတ်နိုင်ဘဲ ဂိုးပေးခဲ့ရတာလည်းဖြစ်ပါတယ်။ 



သူ့ရဲ့ကန်သွင်းယူမှုမှာ ဘောလုံးက​ လေးကိုင်းသဖွယ်ကွေးညွှတ်သွားတဲ့ပုံစံနဲ့ ဂိုးပေါက်ထဲဆီ သွားခဲ့ပြီး တိုင်ထိမှန်ခဲ့ကာ ဝင်ခဲ့တာဖြစ်ပါတယ်။ အလွန်ဆို တည်ကန်ဘောကန်နေချိန်မှာ သူက ဧရိယာထိပ်မှာ စောင့်ဆိုင်းနေခဲ့တာဖြစ်ပြိး ဘောလုံးပြန်ထွက်လာချိန်မှာ ချိန်သားကိုက်သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဂိုးဟာ ဒီနှစ်အတွက် ပွတ်ရှ်ကပ်စ်ဆုကိုတောင်မှ ရယူနိုင်လိမ့်မယ်လို့ ပရိသတ်တွေက ချိးကျူးခဲ့ကြပါတယ်။ 

"ချိုမြိန်တဲ့ မြေမကျကန်သွင်းချက်ကို ကိုဗာဆစ်ရယူခဲ့တာပဲ၊ ထိပ်တန်းအဆင့်ဂိုး" ၊ "ဘယ်လောက်လှလိုက်တဲ့ သွင်းဂိုးလည်း၊ ကိုဗာဆစ်က လက်ခံနိုင်ဖို့တောင်ခဲယဉ်းတဲ့ဂိုးမျိုးကိုသွင်းခဲ့တာ" အစရှိသဖြင့် ပရိသတ်တွေက ချီးကျူးပြောဆိုခဲ့ကြပါတယ်။ ပွဲမှတ်တမ်းအချက်အလက်တွေအရလည်း ကိုဗာဆစ်ရဲ့ ကိန်းဂဏန်းတွေက ကောင်းမွန်နေခဲ့ပြီး ချယ်လ်ဆီးရဲ့ အကောင်းဆုံးကစားသမားတဦးဖြစ်ခဲ့ပါတယ်။ 

Share

က္က