အသက် ၂၅ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူးဟာ ကစားသမားဘဝ အကောင်းဆုံးပုံစံကို ရရှိနေတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ အိုးထရက်ဖို့ဒ်မှာ အံ့အားသင့်ဖွယ်ပုံစံကောင်း ရရှိနေခဲ့ပြီးနောက် ၂၀၂၃ ဘလွန်ဒေါဆုအတွက် ပြိုင်ပွဲမှာ လောင်းကစားဒိုင်တွေရဲ့ ကြေးဖွင့်ရာမှာ လျင်လျင်မြန်မြန် ဆနည်းလာခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ယခုရာသီ နည်းပြ တန်ဟက်လက်အောက်မှာ ကစားသမားဘဝ ပြန်လည်သက်ဝင်လာခဲ့တာကို မြင်တွေ့ခဲ့ရပြီး အသက် ၂၅ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူးဟာ ကစားသမားဘဝ အကောင်းဆုံးပုံစံကို ရရှိနေတာ ဖြစ်ပါတယ်။ ပုံမှန်ခြေစွမ်း ရရှိနေတဲ့ ရက်ရှ်ဖို့ဒ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးကတည်းက ကစားခဲ့တဲ့ ၁၈ ပွဲမှာ ၁၇ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာဖြစ်ပြီး ဥရောပထိပ်တန်းလိဂ် ၅ ခုက ဘယ်ကစားသမားမျိုးထက်မဆို ပိုမိုများပြားနေတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်က ၂၀၂၄ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ရက်ရှ်ဖို့ဒ်ကို ပီအက်စ်ဂျီအသင်းက စိတ်ဝင်စားမှု ရှိနေချိန်မှာ စာချုပ်သစ် ချုပ်ဆိုသွားဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ရဲ့ စိတ်လှုပ်ရှားဖွယ်ပုံစံကောင်းကြောင့် လာမယ့် ဘလွန်ဒေါဆုပေးပွဲအတွက် ကြေးဖွင့်ရာမှာ လောင်းကစားဒိုင်တွေရဲ့ ဆသတ်မှတ်တဲ့နေရာမှာ ၎င်းရဲ့ ရပ်တည်မှုကို ပိုမိုအားကောင်းစေခဲ့တာဖြစ်ပြီး Sky Bet က အင်္ဂလန်တိုက်စစ်မှူးဟာ လက်ရှိမှာ ဟာရီကိန်း၊ နေမာတို့နဲ့အတူ ၃၃လေး ၁ လေး ကြေးဖွင့်ခံထားရတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးက ဘလွန်ဒေါဆုကို ၈ ကြိမ်မြောက်စံချိန်တင်ဆွတ်ခူးဖို့အတွက် ရေပန်းအစားဆုံးအဖြစ် ၂ လေး ၇ လေး ကြေးဖွင့်ခြင်းခံထားရပြီး ခီလီယန် အမ်ဘာပေက ၇ လေး ၂ လေးနဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က