Riken နဲ့အတူ တွဲပြီး အလုပ်လုပ်နေတာလို့ ဆိုပါတယ်။

ဂျပန်နည်းပညာကုမ္ပဏီ Fujitsu ဟာ လာမယ့်နှစ်ကစပြီး ကွမ်တမ်ကွန်ပျူတာတွေ စတင်ရောင်းချတော့မယ်လို့ ဆိုပါတယ်။ 

ကွမ်တမ်ကွန်ပျူတာရောင်းချတဲ့ ပထမဆုံးဂျပန်ကုမ္ပဏီဖြစ်အောင် Fujitsu ဟာ သိပ္ပံနည်းပညာသုတေသနလုပ်ငန်း Riken နဲ့ လက်တွဲဆောင်ရွက်နေတာပါ။ Nikkei Asia သတင်းအရ Fujitsu ဟာ ပြီးခဲ့တဲ့နှစ်ကစလို့ Saitama စီရင်စု ဝါကိုမြို့မှာ Riken RQC-Fujitsu Collaboration Center လို့ နာမည်ပေးထားတဲ့ သုတေသနစင်တာသစ် ဖွင့်လှစ်ပြီး Riken နဲ့အတူ တွဲပြီး အလုပ်လုပ်နေတာလို့ ဆိုပါတယ်။ 





Riken RQC-Fujitsu Collaboration Center မှာ သုတေသနပညာရှင်အယောက် ၂၀ ရှိပြီး Riken ရဲ့ စူပါလျှပ်ကူးဆားကစ်အသုံးပြုထားတဲ့ ကွမ်တမ်ကွန်ပျူတာနည်းပညာနဲ့ Fujitsu ရဲ့ တွက်ချက်ရေးနည်းပညာ ၊ ကွမ်တမ်နည်းပညာအသုံးချမှုဆိုင်ရာ ဗဟုသုတတို့ ပေါင်းစပ်ပြီး လေ့လာတီထွင်မှုတွေ လုပ်နေတာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်မှာ Fujitsu က ရောင်းချဖို့ ရည်ရွယ်ထားတဲ့ ပထမဆုံး ကွမ်တမ်ကွန်ပျူတာဟာ 64 qubits (quantum bits) ပါရှိပြီး ဆေးဝါး ၊ ကုန်ကြမ်းပစ္စည်း နဲ့ ဘဏ္ဍာရေးခန့်မှန်းတွက်ချက်ရေး နယ်ပယ်တွေမှာအလုပ်လုပ်နေတဲ့ သုတေသနကုမ္ပဏီတွေကို ပစ်မှတ်ထား ရောင်းချသွားမှာပါ။ 

ပုံမှန် classical ကွန်ပျူတာတစ်လုံးဟာ အချက်အလက် သိမ်းဆည်းမှုကို ၀ နဲ့၁ bits နဲ့သိမ်းတာ ဖြစ်ပြီး ကွမ်တမ်တွက်ချက်မှုမှာတော့ qubits လို့ခေါ်တဲ့ Quantum bits နဲ့သိမ်းတာပါ။ တစ်နည်းအားဖြင့် ကွမ်တမ်ကွန်ပျူတာထဲမှာ qubits အများကြီး သုံးခြင်းအားဖြင့်bits နဲ့သိမ်းတဲ့ သာမန်ကွန်ပျူတာထက် စွမ်းအင်သုံးမယ့်နည်းနည်းနဲ့ဒေတာအများကြီး ပိုသိမ်းနိုင်မှာ ဖြစ်ပါတယ်။

ကွမ်တမ်တွက်ချက်ရေးဟာ ဓါတုဗေဒ ၊ ဆေးဝါးထုတ်လုပ်ရေး ၊ မော်တော်ယာဉ်လုပ်ငန်းနဲ့ ဘဏ္ဍာရေးပိုင်းအပါအဝင် နယ်ပယ်အမျိုးမျိုးပေါ်မှာ အပြုသဘောဆောင်တဲ့ သက်ရောက်မှုရှိလာနိုင်ပါတယ်။ Fujitsu ဟာ လာမယ့် ၂၀၂၇ မတ်လအကုန်မှာ 1000 qubits ကျော် ရှိတဲ့ ကွမ်တမ်ကွန်ပျူတာတစ်လုံးပါ ထုတ်လုပ်ဖို့ မျှော်မှန်းထားပါတယ်။ ကွမ်တမ်ကွန်ပျူတာနည်းပညာပိုင်းမှာ အမေရိကန်ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Google ၊ Microsoft ၊ IBM နဲ့ Intel တို့လည်း တီထွင်ထုတ်လုပ်မှုတွေ လုပ်ထားကြပါတယ်။ 


ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ထဲမှာ Google ကုမ္ပဏီဟာ 53 qubits သုံး Sycamore လို့ခေါ်တဲ့ ကွမ်တမ်တွက်ချက်ရေး chips တစ်ခုကို မိတ်ဆက်ခဲ့ပြီး ဒီစက်ဟာ လက်ရှိအမြန်ဆုံး စူပါကွန်ပျူတာနဲ့ တွက်ချက်ရင် နှစ် ၁ သောင်းအထိ ကြာနိုင်တဲ့ ပုစ္ဆာကို စက္ကန့် ၂၀၀ တည်းနဲ့ ဖြေရှင်းနိုင်မယ်လို့ ကြေညာခဲ့ပါတယ်။ IBM ရဲ့ ၂၀၂၁ ခုနှစ်ထုတ် Quantum ကွန်ပျူတာကတော့ 127 qubits ရှိပါတယ်။ ဒီနှစ်ထဲမှာပဲ တရုတ်နည်းပညာကုမ္ပဏီ Huawei ဟာ ကွမ်တမ်တွက်ချက်မှုနည်းပညာနဲ့ ဆိုင်တဲ့ မူပိုင်ခွင့်သစ်ကို မှတ်ပုံတင်ထားပါတယ်။ 

Allied Market Research သတင်းအရ ကမ္ဘာပေါ်က လုပ်ငန်းသုံး ကွမ်တမ်တွက်ချက်မှုဈေးကွက်ဟာ ၂၀၁၇ ခုနှစ်မှာ ဒေါ်လာ သန်း ၆၅၀ ပဲ ရှိခဲ့ရာကနေ လာမယ့် ၂၀၂၅ ခုနှစ်မှာ ဒေါ်လာ ၅.၈၅ ဘီလျံအထိ ရှိလာမယ်လို့ခန့်မှန်းထားပါတယ်။ ၂၀၂၃ ခုနှစ်မှာတော့ စီးပွားရေး လုပ်ငန်းတွေနဲ့အစိုးရအဖွဲ့အစည်းတွေရဲ့ ၂၀% ဟာ ကွမ်တမ်တွက်ချက်မှု စီမံကိန်းတွေအတွက် ဘတ်ဂျက်သုံးစွဲမှု လုပ်ဖို့လည်း ရှိလာနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က