၂၀၂၇ ခုနှစ်ထက် ကျော်လွန်ပြီး နော်ဝေတိုက်စစ်မှူးရဲ့ စာချုပ်ကို တိုးမြှင့်သွားချင်နေတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံတွေဖြစ်တဲ့ မန်ချက်စတာစီးတီးဟာ အာလင်း ဟာလန်းကို ရီးရဲလ်မက်ဒရစ်အသင်းဆီကနေ စိတ်ဝင်စားမှုကို ကာကွယ်ဖို့အတွက် စာချုပ်သစ် ကမ်းလှမ်းသွားဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

နော်ဝေတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းကနေ ကြီးမားတဲ့ ငွေကြေးနဲ့ ပြောင်းရွှေ့ခဲ့ပြီးကတည်းက မန်စီးတီးအတွက် အကောင်းဆုံး ခြေစွမ်းကို ပြသနေခဲ့တာဖြစ်ပါတယ်။

 

မန်ချက်စတာစီးတီးဟာ ဟာလန်းကို ခေါ်ယူနိုင်ဖို့အတွက် ပေါင် ၅၁.၂ သန်းဝန်းကျင်သုံးစွဲခဲ့ရပြီး နော်ဝေတိုက်စစ်မှူးဟာ အစ်တီဟတ်မှာ ၅ နှစ်စာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ဟာလန်းရဲ့ မန်စီးတီးက ပထမဆုံးရာသီကို အကဲဖြတ်နေချိန်မှာပဲ ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးဟာ လက်ရှိမှာတော့ ၂၀၂၇ ခုနှစ်ထက် ကျော်လွန်ပြီး နော်ဝေတိုက်စစ်မှူးရဲ့ စာချုပ်ကို တိုးမြှင့်သွားချင်နေတာဖြစ်ပါတယ်။

 

ဂွါဒီယိုလာရဲ့အသင်းဟာ လက်ရှိမှာတော့ အသက် ၂၂ နှစ်အရွယ်တိုက်စစ်မှူးရဲ့ စာချုပ်လျော်ကြေး ပေါင်သန်း ၁၅၀ ဆိုတဲ့အချက်ကို ဖယ်ရှားခဲ့တယ်လို့ ယုံကြည်ရပြီး မန်စီးတီးဟာ အရင်တုန်းက ဟာလန်းရဲ့စာချုပ်ထဲမှာ ခေါ်ယူချင်တဲ့အသင်းတွေအန္တရာယ်ကနေ ကာကွယ်နိုင်အောင် အချက်တစ်ချက် ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

 

ဟာလန်းအနေနဲ့ ၎င်းရဲ့ သတ်မှတ်ပြောင်းရွှေ့ကြေးကို ပေးချေနိုင်မယ့် အသင်းရှိလာခဲ့ရင် ထွက်ခွာခွင့်ရရှိမှာဖြစ်ပေမယ့်လည်း မန်စီးတီးက လက်ရှိ ကမ်းလှမ်းမယ့်စာချုပ်သစ်မှာ နောက်ထပ် စာချုပ်လျော်ကြေးအချက်ပါဝင်ဦးမလားဆိုတာကို သေသေချာချာမသိရသေးတာဖြစ်ပါတယ်။

 

အသက် ၂၂ နှစ်အရွယ်တိုက်စ်မှူးဟာ အသက်အရွယ်ရလာပြီဖြစ်တဲ့ ကာရင် ဘန်ဇိးမားရဲ့နေရာမှာ ပြီးပြည့်စုံတဲ့အစားထိုးခေါ်ယူမှု ရှာဖွေနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ကာလရှည် အပြောင်းအရွှေ့ပစ်မှတ်ဖြစ်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။

 

ဥရောပက အလွန်နည်းပါးတဲ့ တိုက်စစ်မှူးတွေကသာ ဘန်ဇီးမားရဲ့နေရာမှာ အစားထိုး နေရာယူနိုင်မှာဖြစ်ပြီး ဟာလန်းက ပြင်သစ်တိုက်စစ်မှူး မရှိတော့တဲ့အချိန်ကျရင် မက်ဒရစ်မှာ အစားထိုးဖို့ ပြီးပြည့်စုံတဲ့ခေါ်ယူမှုဖြစ်လာနိုင်သူဖြစ်ပါတယ်။

 

ဟာလန်းဟာ ယခုရာသီမှာ မန်ချက်စတာစီးတီးအတွက် ပြိုင်ပွဲစုံ ပွဲ ၄၀ မှာ ၄၇ ဂိုးအထိ အထင်ကြီးဖွယ် သွင်းယူပေးထားတဲ့ ကစားသမားဖြစ်ပါတယ်။

Share

Loading Next Article...
က္က