နောက်နှစ်နှစ် သုံးနှစ်အတွင်း Apple ဟာ Foldable Devices တွေ မိတ်ဆက်လာနိုင်ပါတယ်

ခေါက်သိမ်းနိုင်ထုတ်ကုန်တွေဟာ ဈေးကွက်ထဲမှာ မထူးဆန်းတော့ပေမယ့် Apple ကတော့ အစောဆုံး ၂၀၂၄ ရောက်မှ Foldable Devices တွေ စပြီး မိတ်ဆက်လာနိုင်ပါတယ်။ 

ဈေးကွက်ဆန်းစစ်လေ့လာရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ CCS Insight ရဲ့အစီရင်ခံစာမှာ Apple ဟာ ၂၀၂၄ ခုနှစ်မှာ ခေါက်သိမ်းနိုင် Screen ပါရှိတဲ့ iPad တစ်မျိုးကို မိတ်ဆက်လာဖွယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။ အမေရိကန်နည်းပညာကုမ္ပဏီ Apple အနေနဲ့ မကြာခင်မှာ ခေါက်သိမ်းနိုင်နည်းပညာကို စတင်ကြေညာဖို့ ပြင်နေပါတယ်။ ကူပါတီနိုအခြေစိုက် Apple ကုမ္ပဏီအနေနဲ့ Samsung ထုတ် Galaxy Z Fold 4 ၊ Galaxy Z Flip 4 တို့လို ခေါက်သိမ်းနိုင်စမတ်ဖုန်းတွေအစား ခေါက်သိမ်းနိုင် iPad တွေကို အရင်ဆုံး မိတ်ဆက်လာဖို့ ရှိတယ်လို့ CCS Insight က ဖော်ပြပါတယ်။ 



Photo : LifeWire


"အခုတော့ Foldable iPhone တစ်လုံး လုပ်ဖို့ဆိုတာ Apple အတွက် အဓိပ္ပါယ်မရှိပါဘူး။ Trend တွေကို ရှောင်ရှားပြီး Foldable iPad တစ်လုံးနဲ့ ဈေးကွက်ထိုးဖောက်လာနိုင်ပါတယ်။" လို့ CCS Insight ရဲ့ သုတေသနအရာရှိချုပ် ဘန်ဝုဒ်က ပြောပါတယ်။ 

Foldable iPhone မထုတ်ရတဲ့အကြောင်းရင်းက မယုံနိုင်လောက်အောင် ဈေးကြီးမှာ ဖြစ်လို့ သိပ်စွန့်စားရာကျတာကြောင့် ရှောင်ထားတာလို့လည်း ဝုဒ်က ဆိုပါတယ်။ သတင်းတွေအရ Foldable iPhone တစ်လုံးဟာ ဒေါ်လာ ၂၅၀၀ (မြန်မာငွေ ၇၅ သိန်းကျော်) နီးပါး ဈေးနဲ့ ရောင်းချလာနိုင်တယ်လို့ ဖော်ပြထားပါတယ်။ လက်ရှိ Storage အမြင့်ဆုံးနဲ့ ဈေးအကြီးဆုံး iPhone 14 Pro Max ဟာ ၁၅၉၉ ဒေါ်လာဈေးနီးပါး (မြန်မာငွေ ၄၈ သိန်းကျော်) ဈေးနဲ့ ရောင်းချနေတာ ဖြစ်ပါတယ်။

Apple အနေနဲ့ Foldable iPhone ပိုင်းအတွက် နည်းပညာပိုင်းပြဿနာတွေ ရှိလာရင် Apple ကို တိုက်ခိုက်ဝေဖန်ကြမယ့်ပြဿနာတွေလည်း ရှိလာနိုင်တယ်လို့ ဝုဒ်က ပြောပါတယ်။ "Apple မှာ တုန့်ပြန်ဖို့က လွဲပြီး တခြားရွေးစရာမရှိဘူးလေ။ အခုခေတ်ကလည်း Foldable တွေက အရှိန်ရနေပြီကိုး" လို့ ဝုဒ်က ပြောပါတယ်။ ဒါကြောင့်ပဲ ကုမ္ပဏီဟာ iPad နဲ့ စပြီး Foldable လောကထဲ ဝင်ရောက်လာမယ်လို့လည်း သူက ခန့်မှန်းပါတယ်။ 

Photo: MacRumors


Apple ကတော့ ထုံးစံအတိုင်း ကုမ္ပဏီရဲ့ထုတ်ကုန်နဲ့ ပတ်သက်လို့ ကြိုပြောတာ ၊ မှတ်ချက်ပေးတာမျိုးတွေ မလုပ်ပါဘူး။ ကောလာဟလတွေအရဆို ၂၀၂၅ ခုနှစ်က စလို့ Apple ဟာ Foldable ထုတ်ကုန်တွေအပြင် လက်မ ၂၀ ဝန်းကျင်အရွယ်အစားရှိတဲ့ Foldable Display သုံး ထုတ်ကုန်တွေပါ မိတ်ဆက်လာမယ်လို့ သတင်းပြေးနေပါတယ်။ လာမယ့်နှစ်နှစ် သုံးနှစ်အတွင်းမှာ Apple က Foldable Screen တွေသုံးထားတဲ့ ထုတ်ကုန်တွေ ထုတ်လုပ်တော့မလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က