မက်ဆီက ကမ္ဘာ့ဖလားရဲ့ လက်ရှိချန်ပီယံလည်း ဖြစ်ပါတယ်။

အာဂျင်တီးနား လက်ရွေးစင် အသင်းခေါင်းဆောင် မက်ဆီဟာ (၂၀၂၆) ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားဖြစ်၊ မကစားဖြစ် အချိန်ကသာ အဆုံးအဖြတ်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ မက်ဆီဟာ လက်ရှိမှာ အသက် (၃၆) နှစ်ရှိနေပြီဖြစ်ပါတယ်။



(၂၀၂၆) ကမ္ဘာ့ဖလား ကျင်းပချိန်မှာ မက်ဆီရဲ့ အသက်က (၃၉) နှစ်အထိ ရှိနေမှာပါ။ ပြီးခဲ့တဲ့ (၂၀၂၂) ကမ္ဘာ့ဖလားမှာ မက်ဆီက အာဂျင်တီးနား အသင်းခေါင်းဆောင်အဖြစ် ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ မက်ဆီတစ်ယောက် ဒီလိုမျိုး ဆွတ်ခူးနိုင်ခဲ့တဲ့နောက် အာဂျင်တီးနား လက်ရွေးစင် ကစားသမားဘဝကနေ အနားယူသွားလိမ့်မယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့်လည်း မက်ဆီက လက်ရှိအချိန်အထိ အာဂျင်တီးနားအတွက် ကစားပေးနေဆဲဖြစ်ပြီး တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကိုလည်း ပါဝင်ကစားပေးခဲ့ပါတယ်။ (၂၀၂၆) ကမ္ဘာ့ဖလားနဲ့ ပတ်သက်လို့ မက်ဆီက “ကျွန်တော် အဲ့ဒီပြိုင်ပွဲမှာ ကစားနိုင်၊ မကစားနိုင်ဆိုတာကို အချိန်ကပဲ ပြောပြသွားပါလိမ့်မယ်”
“ကျွန်တော့် အသက်အရွယ်အရတော့ အဲ့ဒီကမ္ဘာ့ဖလားမှာ ကစားနိုင်ဖို့ မရှိပါဘူး။ အဲ့ဒါကြောင့်လည်း ကျွန်တော် နောက်ကမ္ဘာ့ဖလားမှာ ကစားနိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့တာပေါ့။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားနောက်ပိုင်း ခင်ဗျားတို့က ကျွန်တော် အနားယူသွားမယ်လို့ ပြောခဲ့ပါတယ်။ အခုတော့ ဆန့်ကျင်ဘက်ဖြစ်နေပြီမဟုတ်လား”
“အခု ကျွန်တော် အာဂျင်တီးနားလက်ရွေးစင်မှာ ဆက်ကစားချင်ပါတယ်။ အရင်ကမခံစားဖူးတဲ့ အတွေ့အကြုံတွေကို ခံစားနေရပြီး အာဂျင်တီးနားကို လာရတာ ပျော်ပါတယ်။ လက်ရှိအသင်းကလည်း တောင့်တင်းပြီး ဘောလုံးလောကမှာ ကြိုပြောလို့မရတဲ့ နောက် (၂) နှစ်၊ (၃) နှစ်အကြောင်းကို မစဉ်းစားချင်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က