နောက်ဆုံး ၅ ပွဲဆက်တိုက်ရှုံးပွဲမရှိဘဲ ၄ ပွဲအနိုင်ရခဲ့ပါတယ်။

ဒီရာသီမှာ ရမှတ် ၂၁ မှတ်အထိ အလျှော့ခံခဲ့ရပြီး တန်းမဆင်းရဖို့အတွက် ရုန်းကန်နေရတဲ့ ဒါဘီအသင်းဟာ နည်းပြဝိန်းရွန်နီလက်အောက်မှာ ဆက်တိုက်ခြေစွမ်းပြနေပြီး အမှတ်ပေးဇယားအောက်ဆုံးနေရာကနေ ရုန်းထွက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ မနေ့က ကစားခဲ့တဲ့ ရှက်ဖီးနဲ့ပွဲမှာ ဒါဘီက ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့နောက် အဆင့် ၂၄ ကနေ အဆင့် ၂၃ ကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ 

လက်ရှိမှာတော့ ဒါဘီဟာ ရမှတ် ၁၄ မှတ်ရရှိထားပြီး တန်းဆင်းဇုန်းအထက်က ရီးဒင်းနဲ့ ၈မှတ်ပြတ်တောက်နေဆဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့တန်းမဆင်းရရေးမျှော်လင့်ချက်တွေက ပိုမိုအားကောင်းလာနေပြီဖြစ်ပြီး နောက်ဆုံး ၅ ပွဲဆက်တိုက်ရှုံးပွဲမရှိခဲ့ဘဲ ၄ ပွဲအထိ အနိုင်ရရှိခဲ့ကာ အကောင်းဆုံးပုံစံတွေကို ပြသခဲ့တဲ့နောက် ဇယားအောက်ဆုံးကနေ လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။ 

အလျှော့ခံလိုက်ရတဲ့ ရမှတ်တွေကို ထည့်ပေါင်းမယ်ဆိုရင်တော့ ဒါဘီဟာ ၃၅ မှတ်နဲ့ အဆင့် ၁၀ နေရာမှာရပ်တည်နေရမှာလည်းဖြစ်ပါတယ်။ ဘဏ္ဍာရေးပြသနာတွေဖြစ်ပေါ်ခဲ့ပြီးနောက် များပြားလှတဲ့ ရမှတ်လျှော့ပြစ်ဒဏ်ချမှတ်ခံခဲ့ရသလို ပြီးခဲ့တဲ့တရက်ကပဲ ကစားသမားအပြောင်းအရွှေ့လုပ်ခွင့်ပါ ဒါဘီက ပိတ်ပင်ခံခဲ့ရပေမယ့် သူတို့ရဲ့ တိုက်ပွဲဝင်စိတ်ကိုတော့ မဟန့်တားနိုင်ခဲ့ပါဘူး။ 

ရွန်နီကိုယ်တိုင်က အသင်းတန်းမဆင်းရရေးအတွက် အစွမ်းကုန်အားထုတ်သွားမယ်လို့ ကတိပေးထားပြီး ကစားသမားတွေကိုလည်း စိတ်ဓာတ်ပိုင်းဆိုင်ရာလှုံ့ဆော်မှုတွေ ပြုလုပ်ထားခဲ့ပါတယ်။ ချန်ပီယံရှစ်နောက်ဆုံး ၅ ပွဲမှာ အမှတ်အများဆုံးစုဆောင်းနိုင်တဲ့အသင်း ၂ သင်းသာရှိခဲ့ပြီး ဒါဘီနဲ့ ဘလက်ဘန်းတို့က ၁၃ မှတ်စီ ရယူထားနိုင်ခဲ့ကြပါတယ်။ 

လာမယ့်ပွဲတွေမှာလည်း ဒီလိုသာခြေစွမ်းပြနေမယ်ဆိုရင်တော့ ရွန်နီရဲ့အသင်းကို ချန်ပီယံရှစ်မှာ ဆက်လက်မြင်တွေ့နိုင်ဖို့အတွက် အလားအလာကောင်းတွေ ပိုပြီးရှိလာစေမှာပါ။ ဒီလိုစွမ်းဆောင်ပြနိုင်ခဲ့မယ်ဆိုရင် ရွန်နီအတွက်လည်း ဒါက ဘယ်လိုမှယုံကြည်နိုင်စရာမရှိတဲ့ စွမ်းဆောင်မှုကို လုပ်ပြနိုင်မှုအဖြစ် သမိုင်းတွင်ရစ်တော့မှာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က