မက်ဆီထက် ၅ ကြိ် အသာရရှိထားပါတယ်။

အသက် ၃၆ နှစ်အရွယ် ရော်နယ်ဒိုဟာ နိုင်ငံတကာသွင်းဂိုးအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ထားပြီးဖြစ်သလို ဟက်ထရစ် ၁၀ ကြိမ်အထိ နိုင်ငံအသင်းအတွက်ရယူကာ ဟက်ထရစ်အများဆုံးစံချိန်ကိုလည်း ထပ်မံသိမ်းပိုက်ခဲ့ပါတယ်။


၂၁ ရာစုအတွင်းမှာ ဟက်ထရစ်သွင်းယူမှုအများဆုံးကစားသမားအဖြစ် ရော်နယ်ဒိုက ထိပ်ဆုံးမှာ ရပ်တည်နေတယ်လို့ The Sun ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဘောလုံးလောကရဲ့ ထာဝရအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်တယ်လို့ သတ်မှတ်ခံထားရတဲ့ ရော်နယ်ဒိုဟာ သူ့ရဲ့အနီးကပ်ပြိုင်ဘက် မက်ဆီကို ငါးကြိမ်အထိ အသာစီးရရှိခဲ့တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။ 



လူဇင်ဘတ်နဲ့ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက် ရော်နယ်ဒိုရဲ့ ဦးဆောင်မှုက ပိုမိုပြတ်သားလာတာလည်းဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ၂၁ ရာစုအတွင်းမှာ ဟက်ထရစ်စုစုပေါင်း ၅၈ ကြိမ်အထိ သွင်းယူနိုင်ခဲ့ပြီး မက်ဆီက ၅၃ ကြိမ်နဲ့ ဒုတိယနေရာမှာ ရှိနေကာ လူးဝစ္စဆွာရက်ဇ်က ၂၉ ကြိမ်၊ လီဝန်ဒေါစကီးက ၂၆ ကြိမ်နဲ့ နေမာက အကြိမ် ၂ဝရှိကာ အသီးသီးရပ်တည်နေကြပါတယ်။ 

ဒါကြောင့် ရော်နယ်ဒိုနဲ့ မက်ဆီတို့က သူတို့ရဲ့ပြိုင်ဘက်တွေကို အပြတ်အသတ်အသာစီးရကာ ဦးဆောင်နေပြီး ၂၁ ရာစုအတွင်းမှာ သူတို့နှစ်ဦးတည်း ဘာကြောင့်အထင်ပေါ်ဆုံး၊ အကျော်ကြားဆုံးဖြစ်နေရတယ်ဆိုတာကိုပါ သက်သေပြနိုင်ခဲ့ပါတယ်။ သူတို့နှစ်ဦးကြားပြိုင်ဆိုင်မှုတွေကလည်း အကြိတ်အနယ်ရှိနေခဲ့ပြီး သွင်းဂိုး၊ ဆုဖလားအောင်မြင်မှု၊ တစ်ဦးချင်းဆုတံဆိပ်တွေမှာပါ ပြိုင်ဆိုင်နေခဲ့ကြပါတယ်။ 

အသက် ၃၆ နှစ်အရွယ် ရော်နယ်ဒိုဟာ နိုင်ငံတကာသွင်းဂိုးအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ထားပြီးဖြစ်သလို ဟက်ထရစ် ၁၀ ကြိမ်အထိ နိုင်ငံအသင်းအတွက်ရယူကာ ဟက်ထရစ်အများဆုံးစံချိန်ကိုလည်း ထပ်မံသိမ်းပိုက်ခဲ့ပါတယ်။ သူ့ရဲ့ ဒီစံချိန်တွေကို လိုက်မီဖို့ကတော့ တော်တော်လေးမလွယ်ကူတဲ့အနေအထားမှာရှိနေပြီး ပေါ်တူဂီသားရဲ့ အမြဲတမ်းနံပါတ်တစ် ဖြစ်နေရမယ်ဆိုတဲ့ ပြောဆိုမှုနဲ့အညီ ရှိနေခဲ့ပါတယ်။ 

Share

က္က