ရော်နယ်ဒိုက (၂၁) ရာစုရဲ့ ခေါင်းတိုက်ဂိုးအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။

(၂၁) ရာစုအတွက် ခေါင်းတိုက်ဂိုးအများဆုံး ကစားသမားစာရင်းမှာ ရော်နယ်ဒိုက ခေါင်းတိုက်ဂိုး (၁၁၀) နဲ့အတူ အနီးကပ်ဆုံးပြိုင်ဘက်ထက် အပြတ်အသတ် အသာရရှိခဲ့ပါတယ်။ အသက် (၃၆) နှစ်အရွယ် ဒီကစားသမားဟာ ပြီးခဲ့တဲ့ (၂၀၂၁) အတွင်းမှာလည်း နိုင်ငံတကာ သွင်းဂိုး အများဆုံး ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါသေးတယ်။



PopFoot က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ (၂၁) ရာစုအတွင်း ရော်နယ်ဒိုက ခေါင်းတိုက်ဂိုး (၁၁၀) နဲ့ ခေါင်းတိုက်ဂိုးအများဆုံး သွင်းယူနိုင်တဲ့ ကစားသမားအဖြစ်ရှိနေပြီး လက်ရှိ ဘာစီလိုနာ တိုက်စစ်မှူး လုခ်ဒီဂျောင်ကတော့ (၇၈) ဂိုးနဲ့ ဒုတိယနေရာမှာရှိနေပါတယ်။ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါစကီးကတော့ ခေါင်းတိုက်ဂိုး (၇၇) ဂိုးအထိရရှိထားပါတယ်။

(၂၁) ရာစုအတွင်း ခေါင်းတိုက်ဂိုးအများဆုံး ကစားသမားစာရင်း ထိပ်ဆုံး အယောက် (၂၀) မှာတော့ အခြားသော ကစားသမားတွေအဖြစ် လော်ရန်တေး၊ ဖယ်လ်ကာအို၊ ဘတ်စ်ဒို့စ်၊ အဒူရစ်ဇ်၊ မန်ဇူကစ်၊ ဂျက်ကို၊ အီဘရာဟီမိုဗစ်၊ ကလိုဆေး၊ ကာဗာနီ၊ ပီတာခရော့ချ်၊ ဘန်ဇီမာ၊ ရာအူးလ်၊ ဆလီမန်နီ၊ ဟိုရာရူ၊ ဂျီရူး၊ ဒရော့ဘာတို့ ပါဝင်ခဲ့ပါတယ်။

ဒီစာရင်းမှာ တိုက်စစ်မှူးမဟုတ်ဘဲ တယောက်တည်းသော နောက်ခံလူအဖြစ် ပါဝင်လာတာကတော့ လက်ရှိ PSG နောက်ခံလူ ဆာဂျီယို ရာမို့စ်ပဲဖြစ်ပါတယ်။

ရာမို့စ်ဟာ ခေါင်းတိုက်ဂိုး (၅၁) ဂိုး သွင်းယူထားပြီး (၂၁) ရာစုအတွက် ခေါင်းတိုက်ဂိုးအများဆုံး ကစားသမားစာရင်းမှာ အဆင့် (၁၅) က ရပ်တည်နေတာပဲဖြစ်ပါတယ်။  

Share

Loading Next Article...
က္က