တန်ဖိုးသင့် Sony ဖုန်းကြိုက်သူတွေအတွက် Xperia L4 ဟာ စိတ်ဝင်စားစရာ features တွေနဲ့ မိတ်ဆက်လာပြီ ဖြစ်ပါတယ်။
Sony Xperia Ll4 ဟာ အသစ်ထွက်ထားတဲ့ Sony ဖုန်းတွေထဲမှာ ဘက်ဂျက်ဗားရှင်းလို့ ပြောနိုင်ပြီး ပရီမီယံ Sony ဖုန်းတွေရဲ့ ထူးခြားမှုတွေ ယူဆောင်လာတာပါ။ Xperia 1 ၊ Xperia 10/10 Plus နဲ့ Xperia 5 တို့မှာ သုံးသွားတဲ့ 21:9 CinemaWide display အချိုးကို low-end ဗားရှင်းဖြစ်တဲ့ Xperia L4 မှာ သုံးလာပါတယ်။
Photo: 9to5google
တန်ဖိုးသင့် ဖုန်းဖြစ်တဲ့အတိုင်း Spec လျှော့ထားပြီး 720 x 1680p resolution နဲ့ လာတာပါ။ မျက်နှာပြင် အရွယ်အစား ၆.၂ လက်မရှိပြီး dewdrop notch နဲ့ ဘောင်တွေ လျှော့လာပါတယ်။ 21:9 Wide display ဟာ ရုပ်ရှင်ကြည့်တာ ၊ ဂိမ်းကစားတာနဲ့ အင်တာနက်သုံးတာလိုမျိုး ဖျော်ဖြေရေးပိုင်းကို အဓိကထားတာ ဖြစ်လို့ Xperia L4 ကို entertainment device တစ်ခုလို သုံးနိုင်မှာပါ။
နောက်ထပ် ထူးခြားနေတာက Triple cameras ဖြစ်ပါတယ်။ Sony ဟာ ကင်မရာအရည်အတွက်ထက် အရည်အသွေးနဲ့ နာမည်ကြီးတဲ့ ဖုန်းတွေ ထုတ်ပါတယ်။ နောက်ပိုင်း ထွက်လာတဲ့ upper mid-range နဲ့ ပရီမီယံ ဖုန်းတွေမှာမှ triple lens စနစ်ကို ပြောင်းလဲ အသုံးပြုလာတာ ဖြစ်ပြီး Xperia L4 လို low-end ဖုန်းမှာ triple lens တွေ့ရတာ ကြိုဆိုစရာအချက် ဖြစ်ပါတယ်။
Photo: Technology News
ကျောဘက်မှာ ထောင်လိုက် ပုံစံနဲ့ 13MP main lens ၊ 5MP ultra-wide lens နဲ့ bokeh effects တွေ သုံးနိုင်မယ့် 2MP depth sensor ဆိုပြီး သုံးလာတာပါ။ ရှေ့ဘက် notch ထဲမှာ 8MP selfie ကင်မရာ ပါရှိပြီး ဒီဇိုင်းကလည်း သားနားခေတ်မီနေပါတယ်။ဘက်ထရီပါဝါကို 3580 mAh သုံးလာပြီး fast charging ပံ့ပိုးပေးထားပါတယ်။
processor ကတော့ Xperia L3 အတိုင်း MediaTek Helio P22 ဖြစ်ပြီး RAM 3GB သုံးထားပါတယ်။ storage ဟာ 64GB ဖြစ်ပြီး 3.5mm headphone jack ပါရှိပါတယ်။ Xperia L4 ဟာ အနက်နဲ့ အပြာ ၂ ရောင်နဲ့ ထွက်ထားပြီး ဒီနွေဆန်းမှာ သတ်မှတ်ထားတဲ့ ဈေးကွက်တွေထဲ ဝင်ရောက်မှာပါ။ ဈေးနှုန်း ကြေညာထားခြင်းတော့ မရှိသေးပါဘူး။