CoinMarketCap ကတော့ သတိပေးထားပါတယ်

နာမည်ကြီး တောင်ကိုရီးယားစီးရီးတစ်ခုဖြစ်တဲ့ Squid Game ရုပ်ရှင် နာမည်နဲ့ Crypto တစ်မျိုးဟာ နေ့ချင်းညချင်း ဈေးကွက်တန်ဖိုး ထိုးတက်သွားတယ်လို့ ဆိုပါတယ်။ 

SQUID လို့ ခေါ်တဲ့ ဒီ cryptocurrency ဟာ အစောပိုင်းက ၀.၁ ဒေါ်လာပဲ ရှိရာကနေ တစ်ရက်တည်းနဲ့ ၂၄၀၀% နီးနီး ခုန်တက်ပြီး ၂,၂၂ ဒေါ်လာအထိ ပေါက်ခဲ့တယ်လို့ CNBC သတင်းက ဖော်ပြပါတယ်။ Squid Game crypto ရဲ့ ‌ဈေးကွက်ငွေရင်းတန်ဖိုးဟာ စုစုပေါင်း ‌ဒေါ်လာ ၁၇၄ သန်း ရှိလာခဲ့တယ်လို့လည်း ဆိုပါတယ်။ 




Photo: techtimes

Squid Game crypto ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့က ဂိမ်း token တစ်ခုအနေနဲ့ pre-sale စမ်းရောင်းခဲ့တာ ဖြစ်ပြီး ဒီလိုမျိုး နာမည်ကျော်ပုံတူ crypto တွေ ဈေးအကြီးအကျယ်တက်တာ ဒါဟာ ပထမဆုံးအကြိမ်တော့လည်း မဟုတ်ဘူးလို့ CNBC က ဆိုပါတယ်။

နာမည်ကျော် meme တစ်ခုကနေ အိုင်ဒီယာယူထားတဲ့ Shiba Inu coin ဆိုတဲ့ crypto လည်း ဈေးအကြီးအကျယ် မြောက်ခဲ့တယ်လို့ ဆိုပါတယ်။ အခုတစ်ခေါက် နာမည်ကြီး Netflix ဇာတ်လမ်းတွဲ Squid Game နာမည်ကို ယူသုံးထားတဲ့ Crypto လည်း ဈေးတွေ မြင့်လာတာ ဖြစ်ပါတယ်။ ဒီ crypto သစ်ဟာ Squid Game ရုပ်ရှင်အတိုင်းပဲ ဂိမ်းကစားပြီး ပိုက်ဆံရဖို့ play-to earn အတွက် token ဖန်တီးရတာပါ။

ပုံရိပ်ယောင် Virtual World ထဲမှာ ဂိမ်း ၆ ပွဲကစားရတာ ဖြစ်ပြီး ဂိမ်းမှာ တန်ဖိုးကြီးဆုတွေ ပေးတာနဲ့ ကစားရတဲ့ဂိမ်းတွေ အတူတူပဲ ဆိုပေမယ့် သေလောက်တဲ့အကျိုးဆက်တွေတော့ မပေးဘူးလို့ ဆိုပါတယ်။ ဂိမ်းထဲ ဝင်ဖို့ ကစားမယ့် Players တွေဟာ ၁၅၀၀၀ တန် token တွေ အပိုဆောင်ထားရမှာ ဖြစ်ပြီး အခုဈေးနဲ့ဆို ဒေါ်လာ ၃၃၄၅၀ တန်မှာ ဖြစ်ပါတယ်။ တကယ့် Squid Game ရုပ်ရှင်မှာ နောက်ဆုံးအနိုင်ရသူကို ဒေါ်လာ ၃၈.၅ သန်း ဆုပေးခဲ့ပေမယ့် အခု Virtual Simulation လုပ်ထားတဲ့ Squid Game မှာ အမြင့်ဆုံးဆုနဲ့ အများဆုံးကစားနိုင်မယ့် player ဦးရေ ကန့်သတ်မထားဘူးလို့ ဆိုပါတယ်။ 

CoinMarketCap ကတော့ Squid token တွေကို crypto exchange တစ်ခုဖြစ်တဲ့ Pancakeswap ပေါ်မှာ ရောင်းမရဘူးဆိုတဲ့ သတင်းတွေ ကြားရကြောင်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။ Users တွေအနေနဲ့ သူတို့ Tokens တွေ ဘာကြောင့် ပြန်ရောင်းလို့မရတာလဲ မသိရသေးပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က