မြန်မာအမျိုးသမီးဟာ အံ့အားဖွယ်ရ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။

ဆီးဂိမ်းအမျိုးသမီး ဆီမီးဖိုင်နယ်အဖြစ် ဒီနေ့မှာ မြန်မာအမျိုးသမီးအသင်း နဲ့ ထိုင်းအမျိုးသမီးတို့ ကစားခဲ့ကြပါတယ်။ မြန်မာအသင်းဟာ ပွဲကစားချိန်အစောပိုင်းမှာပဲ ဦးဆောင်ဂိုး ၂ဂိုးအထိ ခွင့်ပြုခဲ့ရပေမယ့်လည်း ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို 

အံ့အားသင့်ဖွယ်ရာ သွင်းယူပြီး ဗိုလ်လုပွဲကို ထိုက်ထိုက်တန်တန် တက်ရောက်သွားနိုင်ခဲ့ပါတယ်။ 


ထိုင်းက ပွဲချိန် ၁၀ မိနစ်နဲ့ ၁၈ မိနစ်တွေမှာ ဦးဆောင်ဂိုးတွေ သွင်းယူခဲ့လို့ မြန်မာအသင်း ထုံးစံအတိုင်းအရေးနိမ့်တော့မယ်လို့ ထင်မှတ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း မြန်မာအသင်းဟာ ချေပဂိုးတွေ ပြန်ရဖို့အတွက် တော်တော်လေးအားထုတ်ကြိုးစားခဲ့ရာမှာတော့ ချေပဂိုးတဂိုး ပြန်သွင်းယူနိုင်ခဲ့ပြီး ပထမပိုင်းက ၂-၁ နဲ့ ပြီးဆုံးခဲ့ပါတယ်။ 


ဒုတိယပိုင်းပြန်စပြီး ၇ မိနစ်အတွင်းမှာပဲ မြန်မာအသင်းက ၂ ဂိုးဆက်တိုက်သွင်းယူခဲ့ပါတယ်။ ဝင်းသိင်္ီံထွန်းနဲ့ ဖြူဖြူဝင်းတို့က သွင်းယူခဲ့တာဖြစ်ပြီး မြန်မာတို့ ၃-၂ နဲ့ ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။ တော်တော်လေးကောင်းမွန်တဲ့ စိတ်ဓာတ်ပိုင်းနဲ့ ကစားပုံကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး ထိုင်းအမျိုးသမီးကို တုန်လှုပ်သွားစေခဲ့ပါတယ်။ 


ထိုင်းအသင်းဟာ ချေပဂိုးပြန်ရဖို့အတွက် တောက်လျှောက်တိုက်စစ်ဖွင့်ကစားပေမယ့် မြန်မာအသင်းခံစစ်က အကောင်းဆုံးကာကွယ်နိုင်ခဲ့ပါတယ်။ ထိုင်းအနေနဲ့ လက်ကျန်မိနစ်တွေမှာ တိုက်စစ်ကို ထိထိရောက်ရောက်မကစားနိုင်ခဲ့ဘဲ မြန်မာအသင်းက ကွင်းလယ်ကနေပဲ ပိတ်ဆို့ထားနိုင်ခဲ့ကာ အနိုင်ဂိုးကို ထိန်းထားနိုင်ခဲ့ပါတယ်။ နာကျင်အချိန်ပိုမှာ မြန်မာက နောက်တဂိုးထပ်သွင်းခဲ့လို့ အနိုင်သေချာခဲ့ပါတယ်။


ပွဲအပြီးမှာတော့ မြန်မာအသင်းက ၄-၂ နဲ့ အနိုင်ရရှိခဲ့ပြီး ထိုင်းကို ရာဇဝင်ကြွေးတွေပါ ဆပ်နိုင်ခဲ့ကာ ဆီးဂိမ်းဗိုလ်လုပွဲကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ မြန်မာအနေနဲ့ ထိုင်းကို အနိုင်မရတာကြာမြင့်နေမှုကိုလည်း အဆုံးသတ်နိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာ အုပ်စုတွင်းပြိုင်ဘက် ဗိယက်နမ်နဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က