၂ဂိုးသွင်း ၂ဂိုးဖန်တီးနိုင်ခဲ့တာတောင်မှ မကျေမနပ်ဖြစ်ခဲ့တာပါ။

အသင်းတိုက်စစ်မှူးဂါဘရီရယ်ဂျီးဆပ်က လက်စတာနဲ့ပွဲမှာ ၄ ဂိုးအထိ မသွင်းနိုင်ခဲလို့ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ကြောင်း အာဆင်နယ်နည်းပြအာတီတာက ပြောဆိုလိုက်ပါတယ်။ ဂျိးဆပ်ဟာ လက်စတာနဲ့ပွဲမှာ ၂ဂိုးသွင်း၊ ၂ကြိမ်ဖန်တီးပြီး အာဆင်နယ်ရရှိခဲ့တဲ့ သွင်းဂိုး ၄ ဂိုးစလုံးမှာ ပါဝင်ပတ်သက်နိုင်ခဲ့ပေမယ့် ဂိုးတွေထပ်မရခဲ့တဲ့အပေါ်မှာ မကျေမချမ်းဖြစ်နေခဲ့တာပါ။ 



အာဆင်နယ်က ၄-၂ နဲ့ အနိုင်ရရှိခဲ့ရာမှာ ဂျီးဆပ်ခြေစွမ်းပြခဲ့ပြီး လှပတဲ့သွင်းဂိုးတဂိုးကိုလည်း ရယူနိုင်ခဲ့ပါတယ်။ အာဆင်နယ်ကစားသမားဘ၀ ပထမဆုံးပရီးမီးယားလိဂ်သွင်းဂိုးတွေကို ဂျီးဆပ်က ရယူနိုင်ခဲ့ပြီဖြစ်ပြီး အသင်းသစ်မှာ အားကိုးရမယ့် အဓိကကစားသမားတဦးအဖြစ် ခြေစွမ်းပြနေကာ အချိန်တိုအတွင်းမှာပဲ ပရိသတ်အကြိုက်ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။ 

လက်စတာနဲ့ပွဲအပြီးမှာ အာတီတာက "သူ ၄ ဂိုးအထိ သွင်းနိုင်ခဲ့သင့်တယ်လို့ သူကထင်နေတယ်၊ ဒါက အဆင့်အတန်းပါပဲ။ ကွဲပြားခြားနားတဲ့အဆင့်တခုကို သွားဖို့ဆိုရင် ဒီလိုစိတ်သဘောထားမျိုးလည်း လိုအပ်ပါတယ်" လို့ ပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ ဂျီးဆပ်ဟာ မာတင်နယ်လီနဲ့ ရှာခါတို့ရဲ့ သွင်းဂိုးတွေအတွက်ပါ ဖန်တီးပေးခဲ့ပြီး ထူးရှယ်ခြေစွမ်းပြခဲ့တာပါ။ 

"ကျနော်တို့က ဂါဘီ (ဂျီးဆပ်) ဘာလုပ်နိုင်လဲဆိုတာကို သိပါတယ်၊ သူနဲ့ ဆန့်ကျင်ဘက်အသင်းမှာ ကျနော်မကစားချင်ဘူး၊ ကျနော်က ခံစစ်မှူးတယောက်မဟုတ်ခဲ့ပါဘူး၊ ဒါပေမယ့် တွေးကြည့်ရုံနဲ့တင် သူနဲ့ ရင်ဆိုင်ရမှာက ပျော်စရာကောင်းမှာမဟုတ်ဘူးဆိုတာ သိပါတယ်၊ သူက ရွေ့လျားနိုင်တယ်၊ အလိုလိုသိစိတ်ရှိပြီး ဘယ်အခိုက်အတန့်မှာမဆို အဆင့်တိုင်းမှာ ကစားဖို့ ထက်မြက်နေပါတယ်၊ ဒါက တကယ့်ခြိမ်းခြောက်မှုတခုပါပဲ' လို့ အာတီတာက ထပ်ပြောသွားခဲ့ပါတယ်။ 

ဂျီးဆပ်ကတော့ မန်စီးတီးကနေ အာဆင်နယ်ကို ပြောင်းရွှေ့လာပြီးနောက် ရာသီကြိုခြေစမ်းပွဲတွေမှာကတည်းက ခြေစွမ်းပြနေခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း အာဆင်နယ်တိုက်စစ်ကို သူ ဦးဆောင်နေပြီး ရလဒ်ကောင်းတွေရအောင် ကူညီပေးနိုင်ခဲ့ပြီး သူ့ကိုခေါ်ယူခဲ့မှုက မှန်ကန်တယ်ဆိုတာကိုပါ သက်သေပြနေပါတယ်။ 


Share

Loading Next Article...
က္က