လီဗာပူးလ်တို့ရဲ့ အားထုတ်မှုကတော့ စံတင်လောက်ပါပေတယ်။

လီဗာပူးလ်ကတော့ အန်ဖီးလ်မှာပဲ ဒီနေ့ ရုန်းကန်သွားခဲ့ရပါတယ်။ ဒီရာသီ အိမ်ကွင်းပွဲတိုင်းနိုင်ထားပြီး ဘယ်အသင်းကိုမဆို ၂ဂိုးသွင်းနိုင်တဲ့ လီဗာပူးလ်က ဖူလ်ဟမ်ကိုလည်း ပထမပိုင်းမှာပဲ ၂ဂိုးသွင်းထားခဲ့တာပါ။ အာနိုးလ်နဲ့ အယ်လ်စ္စတာတို့ရဲ့ လှပတဲ့ သွင်းဂိုးတွေရခဲ့ပြီး ၂ ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပေမယ့် ဖူလ်ဟမ်ရဲ့ ပြန်ချေပမှုကိုတော့ ခံခဲ့ရပါတယ်။ 



ဖူလ်ဟမ်က အဝေးကွင်းမှာ အသင်းကြီးတွေကိုဆိုရင် ဂိုးသွင်းနိုင်တဲ့ အသင်းဆိုတဲ့ ဂုဏ်ပုဒ်ကို ဆက်ထိန်းသွားပါတယ်။ အာနိုးလ်ရဲ့ ဂိုးကို ဟယ်ရီဝီလ်ဆင်၊ အယ်လစ္စတာရဲ့ ဂိုးကို တီတီတို့က ပြန်လည်ချေပခဲ့ပြီး ပထမပိုင်းမှာပဲ ၂ဂိုးစီ သရေဖြစ်ကာ ပွဲက တော်တော်လေးအကြိတ်အနယ်ရှိခဲ့ပါတယ်။ 

ဒုတိယပိုင်းမှာ လီဗာပူးလ်က တိုက်စစ်ကို ပိုကစားပြီး ဖိအားပေးခဲ့ပေမယ့် ဖူလ်ဟမ်က ဂိုးမပေးရအောင် ထိန်းချုပ်နိုင်ခဲ့သလို လီဗာပူးလ်ရဲ့ အဆုံးသတ်ပိုင်းတွေကလည်း အားနည်းခဲ့လို့ ဂိုးရဖို့ရာ အခက်တွေ့နေခဲ့ပါတယ်။ ဒီပွဲမှာ ဂိုးရရင် လီဗာပူးလ်အတွက် သွင်းဂိုး ၂၀၀ ပြည့်မယ် ဆာလာလည်း ဂိုးရဖို့အတွက် ရုန်းကန်ခဲ့ရပါတယ်။ 



မိနစ် ၈၀ မှာတော့ မထင်မှတ်ဘဲ ဘော်ဘီရိဒ်က ဖူလ်ဟမ်အတွက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။ လီဗာပူးလ်တသင်းလုံးကို ရင်ခုန်သံတွေမြန်စေခဲ့တဲ့ဂိုးဖြစ်ကာ အန်ဖီးလ်မှာ သူတို့ အောက်စည်းကနေ လိုက်ကစားခဲ့ရပါတော့တယ်။ ၈၆ မိနစ်မှတော့ ဂျပန်သားအန်ဒိုက လီဗာပူးလ်အတွက် ချေပဂိုးပြန်သွင်းပေးခဲ့ကာ ရှုံးပွဲရင်ဆိုင်ရမယ့်အရေးကနေ အသင်းကို ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ ဆက်တိုက်ဆိုသလို လီဗာပူးလ်တို့ ဖိကစားခဲ့ပြီးနောက်မှာတော့ အာနိုးလ်က ဧရိယာထဲကနေ အပိုင်ကန်သွသင်းကာ ဦးဆောင်ဂိုးပြန်ယူပေးသွားခဲ့ပါတယ်။



Share

Loading Next Article...
က္က