အခုတော့ ဒုဥက္ကဌ ဇာတ်ကားကို ကြည့်ဖြစ်နေတယ်။

Running Man အဖွဲ့ကို မသိလို့ ပရိသတ်အများစုရဲ့ ပြောဆို ဝေဖန်ခြင်းကို ခံခဲ့ရသူကတော့ နွယ်ဒါလီထွန်းဖြစ်ပါတယ်။ သူဟာ အမှန်တကယ် မသိတဲ့အတွက် ရေးသားလိုက်တာပါလို့လည်း ပြောပြခဲ့ပါတယ်။

Photo: နွယ်ဒါလီထွန်းဖေ့စ်ဘွတ်

 

သရုပ်ဆောင် နွယ်ဒါလီထွန်းက Running Man ကို မသိဘူးဆိုတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး Runner တွေရဲ့ ဝေဖန်ပြောဆိုခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီကိစ္စကလည်း သူကိုယ်တိုင် တကယ်မသိတဲ့အကြောင်းကို ရိုးရိုးလေး တင်လိုက်တာဖြစ်ပါတယ်ဆိုတာကို မီဒီယာ တွေကနေတဆင့်ပြောပြလာပါတယ်။

'' ဒါလီကတော့ ဒါလီမသိတဲ့အကြောင်းကို Status တင်လိုက်တာပေါ့နော်။ သူတို့ကို အားပေးတဲ့ ပရိသတ်တွေကတော့ သူတို့ အားပေးတဲ့ Idol တွေကို မသိရကောင်းလား ဆိုပြီးတော့ စိတ်ဆိုးကြတယ်ပေါ့နော်။ သူတို့ဘက်က ကြည့်ရင် လက်ဖဝါး၊ ကိုယ့်ဘက်ကကြည့်ရင် လက်ဖမိုး ဆိုတော့ ဘာပဲဖြစ်ဖြစ် စိတ်မဆိုးပါဘူး'' လို့ သူကဆိုပါတယ်။

Photo: နွယ်ဒါလီထွန်းဖေ့စ်ဘွတ်

နွယ်ဒါလီထွန်း ပြောပြတဲ့ Hospital Diary ဇာတ်လမ်းတွဲအကြောင်း 

နွယ်ဒါလီထွန်းဟာ ကျောင်းသူအရွယ်တုန်းက ကိုရီးယားရုပ်သံဇာတ်လမ်းတွဲတွေကို ရူးသွပ်ပြီး အားပေးခဲ့သူဖြစ်ပါတယ်။ သူ့အနေနဲ့ သရုပ်ဆောင် တစ်ယောက် ဖြစ်လာချိန်မှာတော့ နိုင်ငံတကာမှာရှိတဲ့ ဇာတ်ကားတွေကြည့်ပြီးလေ့လာဖြစ်တယ်လို့ စက်တင်ဘာလ ၂၃ ရက်နေ့ က Dynasty ဆိုင်ဖွင့်ပွဲမှာ မီဒီယာတွေကို ဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' ကိုရီးယားကားတွေဆိုရင် ဇာတ်လမ်းတွဲတွေ ကြည့်ဖြစ်တာများတယ်။ ဒါပေမယ့် တစ်ဦးတစ်ယောက်တည်းကို ပုံသေကြီး အသဲအသန် ကြီးတော့ မဖြစ်ဘူး။ ကျောင်းသူအရွယ်တုန်းကဆိုရင်တော့ တစ်ခုခုကြိုက်ပြီဆို ရူးရူးသွပ်သွပ်ကြိုက်ဖူးတယ်။ အခုဆိုရင် နယ်ပယ်အစုံ ဇာတ်ကားတွေကြည့်ဖြစ်ပါတယ်။ အိန္ဒိယ ဇာတ်ကားတွေဆိုလည်း ကြိုက်တယ်'' လို့ ဆက်လက်ပြောပြလာပါတယ်။

 

ရိုက်ကူးရေးတွေ ပါးနေချိန်မှာတော့ ကိုရီးယားဇာတ်ကားကြည့်ဖြစ်တယ်လို့ ဆိုပါတယ်။ နွယ်ဒါလီထွန်း လက်ရှိ အားပေးဖြစ်နေတဲ့ ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲကိုလည်း အခုလို ပြောပြခဲ့ပါတယ်။ သူဟာ ကိုရီးယား အနုပညာပေါ် ရူးသွပ်သူ မဟုတ်ပေမယ့် အမြဲတမ်း အားပေးဖြစ် တယ်လို့ ဆိုပါတယ်။

''အခုလောလောဆယ် ဒုဥက္ကဌကားပေါ့နော်။ သူ့ကို အရမ်းသဘောကျတယ်။ အဲ့ဒီဇာတ်လမ်းထဲက ကာရိုက်တာအရရော သူ သရုပ်ဆောင်တာ လေးတွေရောက အရမ်းလည်း လိုက်တယ်။ ချစ်စရာကောင်းတယ်ပေါ့နော်။ Kpop ကိုလည်း အရင်တုန်းက 2NE1 တို့၊ Big Bang တို့ ဆို အရမ်း Crazy ဖြစ်ခဲ့တာပါ'' လို့ဆိုပါတယ်။

Photo: နွယ်ဒါလီထွန်းဖေ့စ်ဘွတ်

 

နွယ်ဒါလီထွန်းကိုတော့ မော်ဒယ်လ် တစ်ယောက်အနေနဲ့ ရော၊ တီဗီကြော်ငြာ၊ မဂ္ဂဇင်းကာဗာ၊ Music MTV တွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ သူဟာ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးထားတာ သိပ်မရှိပေမယ့် ရုပ်သံဇာတ်လမ်းတွဲတွေ မှာတော့ ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

 

Share

Loading Next Article...
က္က