မြေနေရာဝယ်ပြီးပြီလို့ ဆိုပါတယ်

ကမ္ဘာ့အကြီးဆုံး chipset ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ TSMC ဟာ ကုမ္ပဏီရဲ့ နှစ်ပတ်လည် ကွန်ဖရင့်မှာ လာမယ့်နှစ်နှစ်အတွက် လမ်းပြမြေပုံအကြောင်း ကြေညာသွားပါတယ်။ 

စိတ်ဝင်စားဖို့ကောင်းတဲ့တစ်ချက်ကတော့ ဒီ chip maker ကြီးဟာ 2nm chipset အတွက် စက်ရုံနဲ့ သုတေသနစင်တာတစ်ခု တည်ဆောက်ဖို့ပါ အဆင်သင့်ဖြစ်နေပြီလို့ ပြောသွားတာ ဖြစ်ပါတယ်။ 2nm chipset စက်ရုံမှာ ဝန်ထမ်းပေါင်း ၈၀၀၀ ဝန်းကျင် ခန့်အပ်သွားဖို့လည်း ရှိပါတယ်။



Photo: GSMArena

စက်ရုံသစ်ဟာ ထိုင်ဝမ်မြောက်ပိုင်း ချင်ရှုမှာ တည်ဆောက်ဖို့ ရှိပါတယ်။ TSMC ရဲ့ အကြီးတန်း ဒုဥက္ကဌမှလည်း ကုမ္ပဏီဟာ R&D Center ကို တိုးချဲ့ဖို့ မြေနေရာဝယ်ပြီး ဖြစ်တယ်လို့ ပြောထားပါတယ်။ 2nm chipset တွေဟာ 3nm chips ကနေ ဆင့်ကဲဖွံ့ဖြိုးလာတာပါ။

2nm node သစ်ဟာ 3nm process မှာ သုံးသွားတဲ့ FinFET (fin field-effect transistor) နည်းပညာအစား GAA (gate-all-around) နည်းပညာနဲ့ ထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။ Samsung ကလည်း နောက် ၂ နှစ်အတွင်းမှာ GAA နည်းပညာသုံး 3nm chipet တွေ ထုတ်လုပ်မယ့်အကြောင်း ကြေညာထားပါတယ်။

TSMC ကုမ္ပဏီဟာ ၂၀၂၂ ဒုတိယ ၆ လအတွင်းမှာ 3nm chips တွေ မိတ်ဆက်နိုင်ဖို့ စီစဉ်ထားပါတယ်။ 5nm chipset တွေကတော့ လက်ရှိကု ထုတ်လုပ်မှု စတင်နေပြီလို့ GSMArena သတင်းက ဆိုပါတယ်။ TSMC ရဲ့ 3nm chipset တွေကို ကုမ္ပဏီရဲ့ အဓိကဖောက်သည်ကြီး ဖြစ်တဲ့ Apple ရဲ့ iPhone 12 စီးရီးသစ်မှာ မြင်ရဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က