ပီအက်စ်ဂျီအသင်းဖော် ဘတ်ပီက ချီးကျူးသွားခဲ့တာပါ။

မာလာဝီကိုအနိုင်ရရှိပြီး မော်ရိုကိုတို့ အာဖရိကဖလားကွာတားဖိုင်နယ်ကို တက်လှမ်းခဲ့ရာမှာ နောက်ခံလူဟာကီမီက အားလုံးမျက်လုံးပြူးစေမယ့် Free Kick ကန်သွင်းမှုကို ပြုလုပ်သွားခဲ့ပါတယ်။ ၂-၁ နဲ့ ပွဲပြီးဆုံးခဲ့တာဖြစ်ပြီး ဟာကီမီက ဒီပြိုင်ပွဲမှာ သူ့ရဲ့ ဒုတိယမြောက်သွင်းဂိုးကို ရယူပေးခဲ့တာပါ။ ထူးခြားတာကတော့ သူ့ရဲ့သွင်းဂိုး ၂ဂိုးစလုံးက အလွတ်တည်ကန်ဘောကနေ ရရှိခဲ့တာပါပဲ။ 

သူဟာ ၂ ပွဲဆက်တိုက် အလွတ်တည်ကန်ဘောကနေ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒီပြိုင်ပွဲသမိုင်းမှာ ၁၄ နှစ်အတွင်း ဒီလိုစွမ်းဆောင်နိုင်တဲ့ ပထမဆုံးကစားသမားလည်းဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ လှပတဲ့ ဂိုးသွင်းဟန်ကြောင့် ပီအက်စ်ဂျီအသင်းဖော်ဘတ်ပီကတောင် ကမ္ဘာ့အကောင်းဆုံးညာနောက်ခံလူလို့ တွစ်တာမှာရေးသားချီးကျူးခဲ့ရတဲ့အထိ ဖြစ်ခဲ့ပြီး သတင်းဌာနအများအပြားက သူ့ရဲ့သွင်းဂိုးကို တခမ်းတနားဖော်ပြခဲ့ပါတယ်။ 



ပွဲကစားချိန် ၈၄ မိနစ်မှာ မော်ရိုကိုက အလွတ်တည်ကန်ဘောကန်သွင်းခွင့်ရရှိခဲ့ရာမှာ ဂိုးဧရိယာညာဘက်အစွန်နားကနေ ဟာကီမီက ကန်သွင်းခဲ့ပြီး ဘောလုံးက လူတံတိုင်းကိုကျော်ကာ လှလှပပဂိုးဝင်ခဲ့တာဖြစ်ပါတယ်။ ဒီဂိုးက မော်ရိုကိုအတွက် အနိုင်ဂိုးလည်းဖြစ်ခဲ့ပြီး ကွာတားဖိုင်နယ်ကို တက်ရောက်စေဖို့အတွက် အဆုံးအဖြတ်လည်းဖြစ်ခဲ့ပါတယ်။ 

အာဖရိကဖလားပွဲကတော့ ၁၆ သင်းအဆင့်ပြီးဆုံးတော့မှာဖြစ်ပြီး အိုင်ဗရီကို့စ်နဲ့ အီဂျစ်၊ မာလီနဲ့ ဂွီနီယာတို့ ဒီနေ့မှာကစားမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘာကီနာဖာဆို၊ တူနီးရှား၊ ဂမ်ဘီယာ၊ ကင်မရွန်း၊ ဆီနီဂေါ၊ မော်ရိုကိုတို့ ကွာတားအဆင့်ကို တက်ရောက်ပြီးဖြစ်ပါတယ်။ ကွာတားဖိုင်နယ်ပွဲတွေကိုတော့ ဇန်နဝါရီလ ၂၉ ၊ ၃၀၊ ၃၁ တို့မှာ ကစားသွားမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က