ရော်နယ်ဒိုကတော့ အပတ်တိုင်း ဂိုးသွင်းခြေစွမ်းပြနေတာပါ။

အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုဟာ မနေ့ညက ကစားခဲ့တဲ့ အယ်လ်အက်ဒေါက်နဲ့ ပွဲမှာ အသင်းအတွက် ခြေစွမ်းပြပြီး နှစ်ဂိုး သွင်းယူပေးခဲ့တယ်လို့ သိရှိရပါတယ်။ အဆိုပါပွဲမှာ အယ်လ်နာဆာက သုံးဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။



အယ်လ်နာဆာဟာ ပထမပိုင်း (၁၃) မိနစ်ကတည်းက ဦးဆောင်ဂိုးရရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ဒုတိယပိုင်း ပွဲကစားချိန် (၇၇) မိနစ်နဲ့ မိနစ် (၈၀) တို့မှာ ရော်နယ်ဒိုက အသင်းအတွက် နှစ်ဂိုးဆက်တိုက် သွင်းယူပေးပြီး အနိုင်သေချာစေခဲ့ပါတယ်။


ဒီပွဲမှာ ရော်နယ်ဒို သွင်းယူခဲ့တဲ့ သွင်းဂိုးတစ်ဂိုးကလည်း ပရိသတ်တွေအတွက် ပါးစပ်ဖျားမှာ ချီးကျူးစရာအဖြစ် ရှိနေခဲ့ပါတယ်။ ဒီပွဲရဲ့ ပွဲသိမ်းဂိုးအဖြစ် ရရှိခဲ့တဲ့ အဆိုပါဂိုးမှာ ပြိုင်ဘက်ဂိုးသမားက ရှေ့အထိ တက်ဖျက်ထုတ်ရင်း ဘောလုံးက ပြိုင်ဘက် ကွင်းတစ်ဝက်မှာရှိနေတဲ့ ရော်နယ်ဒိုဆီ ရောက်ရှိလာခဲ့ပါတယ်။

ဒီဘောလုံးကိုတော့ ရော်နယ်ဒိုက ရင်ဘတ်နဲ့ တစ်ချက်ထိန်းပြီး သူ့ရှေ့နားအထိ ကပ်လျက်ရင်ဆိုင်လာတဲ့ ဂိုးသမားကို ကျော်ကာ ဂိုးပေါက်ထဲ လှလှပပ ကန်သွင်းခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ဒီရာသီမှာ အယ်လ်နာဆာအတွက် ပြိုင်ပွဲစုံ (၁၈) ပွဲကစားပြီးချိန်မှာ သွင်းဂိုး (၁၈) ဂိုးသွင်းယူပေးထားပြီး ဂိုးဖန်တီးမှု (၉) ကြိမ် ပြုလုပ်ပေးထားပါတယ်။
ဒီပွဲကစားအပြီးမှာတော့ အမှတ်ပေးဇယား ဒုတိယနေရာမှာရှိတဲ့ အယ်လ်နာဆာက ပထမနေရာမှာရှိတဲ့ အယ်လ်ဟီလယ်ကို တစ်မှတ်အကွာနဲ့ ဖိအားပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။

Share

Loading Next Article...
က္က