ဒမ်ဘီလီကတော့ သူ့ရဲ့ထုံးစံအတိုင်း လေ့ကျင့်ရေးကွင်းကို နောက်ကျမှ ရောက်လာခဲ့တာပါ။

ဘာစီလိုနာတောင်ပံကစားသမား အူစမန်နီ ဒမ်ဘီလီဟာ လေ့ကျင့်ခန်းအစီအစဥ်ကို (၃) မိနစ် နောက်ကျပြီး ရောက်ရှိလာတာကြောင့် ဇာဗီလက်ထက် ပထမဆုံး ဒဏ်ရိုက်ခံရတဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ ဇာဗီဟာ ဘာစီလိုနာကို နည်းပြအဖြစ် ပြန်လည်ရောက်ရှိလာချိန်မှာ စည်းကမ်းချက်အများအပြားနဲ့ ကစားသမားတွေကို တင်းကျပ်ထားတာပါ။



ကစားသမားတွေအနေနဲ့ လေ့ကျင့်ခန်းစည်းကမ်းအရ လေ့ကျင့်ခန်းမစခင် (၁) နာရီခွဲအလိုတည်းက လေ့ကျင့်ရေးကွင်းကို ရောက်နေရမှာဖြစ်ပြီး ဘာစီလိုနာရဲ့ လေ့ကျင့်ခန်းအစီအစဥ် စတင်ချိန်ကိုတော့ မနက် (၁၀) နာရီ သတ်မှတ်ထားပါတယ်။ အဲ့ဒါကြောင့် ကစားသမားတွေအနေနဲ့ အသင်းလေ့ကျင့်ရေးကွင်းကို (၈) နာရီခွဲရောက်ရှိရမှာပါ။

ဒါပေမယ့် ဒမ်ဘီလီကတော့ သူ့ရဲ့နောက်ကျလေ့ရှိတဲ့ ထုံးစံအတိုင်း ဇာဗီလက်ထက်မှာပါ နောက်ကျခဲ့ပြီး (၈) နာရီနဲ့ (၃၃) မိနစ်မှ ရောက်ရှိကာ (၃) မိနစ် နောက်ကျသွားတယ်လို့ သိရပါတယ်။ ဒီ (၃) မိနစ်ကိုလည်း ဇာဗီက ခွင့်လွှတ်ခဲ့ခြင်းမရှိဘဲ ဒမ်ဘီလီအနေနဲ့ သတ်မှတ်ထားတဲ့အတိုင်း ဒဏ်ကြေးပေးဆောင်ရမှာပါ။

ဒမ်ဘီလီအနေနဲ့ ဒီပြစ်ဒဏ်ကို တစ်စုံတစ်ရာ စောဒကတက်ခဲ့ခြင်းတော့မရှိတဲ့ပုံပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုမျိုးပြစ်ဒဏ်ဖြစ်ခဲ့တာကို စောဒကတက်ခဲ့ရင် ပုံမှန်ထက် (၂) ဆ ဒဏ်ကြေး သတ်မှတ်ခံရမယ်လို့ပါ ဇာဗီက စည်းကမ်းသတ်မှတ်ထားပါတယ်။

ဒမ်ဘီလီဟာ ဒဏ်ရာနဲ့ ကြံ့ခိုင်မှုပြဿနာတွေနဲ့ အမြဲတမ်း ရုန်းကန်နေရတဲ့ ကစားသမားဖြစ်ပြီး အရင်နည်းပြလက်ထက်တွေမှာလည်း မကြာခဏဆိုသလို လေ့ကျင့်ခန်းအစီအစဥ်တွေကို နောက်ကျလေ့ရှိတဲ့ ကစားသမားပါ။ ဇာဗီကတော့ ဒမ်ဘီလီကို အများကြီးမျှော်လင့်ထားပုံရပြီး အသင်းကိုရောက်ရောက်ချင်း ဒမ်ဘီလီက သူကစားတဲ့နေရာမှာ ကမ္ဘာ့အကောင်းဆုံးဖြစ်နိုင်တယ်လို့ ပြောခဲ့ဖူးပါတယ်။

ဒါ့အပြင် ကစားသမားကိုလည်း စာချုပ်သစ်ကမ်းလှမ်းဖို့ ပြင်ဆင်ထားပြီး ဒမ်ဘီလီအနေနဲ့တော့ နောက်တစ်ခါ ဒဏ်အရိုက်မခံရဖို့၊ ဇာဗီရဲ့မျှော်လင့်ချက်တွေကို စိတ်မပျက်စေဖို့အတွက်တော့ အသေအချာကြိုးစားအားထုတ်ဖို့ လိုအပ်နေပြီဖ်တော့ အသေအချာကြိုးစားအားထုတ်ဖို့ လိုအပ်နေပြ်ဆင်းနိုင်မ---ြစ်ပါတယ်။ 

Share

Loading Next Article...
က္က