၃ နှစ်စာချုပ်သစ် ချုပ်ဆိုခဲ့ကြတာပါ။

ပီအက်စ်ဂျီတိုက်စစ်မှူးဘတ်ပီကတော့ အသင်းနဲ့အတူ စာချုပ်သစ်ချုပ်ဆိုလိုက်ပါပြီ။ ၃ နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး မနေ့ကကစားခဲ့တဲ့ မက်ဇ်နဲ့ပွဲမတိုင်ခင်မှာ တရားဝင်ကြေညာမှုပြုလုပ်ခဲ့ကာ ကစားသမားသစ်တဦးကို မိတ်ဆက်သလိုကို သူ့ရဲ့စာချုပ်သစ်ချုပ်ဆိုမှုကို လုပ်ပေးခဲ့ပြီး ပရိသတ်တွေကိုပါ တခါတည်းအသိပေးသွားခဲ့ပါတယ်။ 

အဲဒီပွဲမှာ မက်ဇ်ကို ၅-၀ နဲ့ ပီအက်စ်ဂျီက အနိုင်ရရှိခဲ့ပြီး ဘတ်ပီက ဟက်ထရစ်သွင်းကာ ခြေစွမ်းပြသွားခဲ့ပါတယ်။ ဒီမာရီယာကလည်း သူ့ရဲ့ ပီအက်စ်ဂျီကစားသမားဘ၀နောက်ဆုံးပွဲမှာ အမှတ်တရဂိုးသွင်းယူနိုင်ခဲ့ပြီး ပြင်သစ်ကလပ်အတွက်တော့ အရာရာလှပတဲ့နေ့တနေ့ဖြစ်ခဲ့ရပြီး အဓိကကစားသမားလည်း အသင်းမှာဆက်ရှိတော့မှာမို့ ကျေနပ်စရာပါ။ 

သတင်းတွေအဆိုအရ ဘတ်ပီဟာ လက်မှတ်ထိုးကြေး ယူရိုသန်း ၃၀၀၊ ၃ နှစ်စာချုပ်အတွက် တနှစ်လုပ်ခ ယူရိုသန်း ၁၀၀၊ ဘလွန်းဒီအောဆုရရင် ယူရိုသန်း ၂၀၊ ချန်ပီယံလိဂ်ဖလားရရင် ယူရို ၁၅ သန်းနဲ့ ဂိုးသွင်းဆုကြေးတွေပါ ရရှိမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နည်းပြမကြိုက်ရင် အသစ်ခန့်အပ်ဖို့၊ ကစားသမားအပြောင်းအရွှေ့တွေမှာ ဆုံးဖြတ်ပေးနိုင်မယ့် အခွင့်အာဏာလည်း ရရှိမယ်လို့ ဖော်ပြနေကြပါတယ်။ 

တန်ကြေးအားဖြင့်သတ်မှတ်မယ်ဆိုရင် ဘတ်ပီရဲ့ စာချုပ်သစ်မှာ သူ ခံစားခွင့်ရမယ့် တန်ဖိုးက စုစုပေါင်းအားဖြင့် ယူရို ၁ ဘီလျံအထိတောင်မှ ရှိနေနိုင်ပါတယ်။ လက်မှတ်ထိုးကြေးနဲ့ လစာတင် ယူရိုသန်း ၆၀၀ အထိ ရှိနေတာဖြစ်ပြီး ပုံရိပ်အသုံးပြုခွင့်ကိုလည်း သူက ရာနှုန်းပြည့်ရရှိမှာ၊ အခြားသောဆုကြေးတွေ၊ စပွန်ဆာကြေးတွေပေါင်းလိုက်ရင် ဘီလျံချီတဲ့အထိ ရှိသွားမှာပါ။ 

ကစားသမားတဦးအတွက် တော်တော်လေးကို ပီအက်စ်ဂျီက ရင်းနှီးမြုပ်နှံခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်ကို ပြောင်းမသွားဖို့အတွက် အစွမ်းကုန်လိုက်လျောပေးခဲ့ပြီး နောက်ဆုံးမှာ အောင်မြင်မှုရရှိခဲ့ပါတယ်။ ဒါပေမယ့် ပရိသတ်တွေက ဒီစာချုပ်သစ်ကို ဝေဖန်နေခဲ့ကြပြီး ကစားသမားကို ဘုရင်တပါးလို လုပ်ပေးလိုက်တာပဲလို့ ဆိုနေကြပါပြီ။ 

Share

Loading Next Article...
က္က