အက်ဖ်အေဖလားမှာပါ ကွာတားဖိုင်နယ်ရောက်ခဲ့ပါပြီ။

တန်ဟက်ဂျ်ရဲ့ မန်ချက်စတာယူနိုက်တက်ကတော့ အက်ဖ်အေဖလားပွဲမှာလည်း ဝက်စ်ဟမ်းကို အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့ပြန်ပါပြီ။ ဒီပွဲမှာ ယူနိုက်တက်တို့ ရုန်းကန်ကစားခဲ့ရတယ်ဆိုပေမယ့်လည်း အချိန်တန်ရင် ဂိုးရမယ်၊ နိင်ပွဲရမယ်ဆိုတဲ့ ခံစားချက်တွေကို သူတို့အသင်းကစားသမားတွေဆီမှာ မြင်တွေ့ခဲ့ရပြီး တကယ်လည်း အဲဒီလိုဖြစ်လာခဲ့ပါတယ်။ 

ဝက်စ်စမ်းက ၅၄ မိနစ်မှာ ဘီနရာမာရဲ့ ဂိုးနဲ့ ဦးဆောင်နေခဲ့ပြီး ယူနိုက်တက်တို့ ချေပဂိုးရဖို့ အသားကုန်တိုက်စစ်ဆင်ခဲ့ရတာပါ။ ကက်စ်မဲရိုးက ခေါင်းတိုက်ဂိုးတဂိုးသွင်းခဲ့ပေမယ့် လူကျွံနေခဲ့လို့ ဂိုးမရခဲ့ပါဘူး။ ဒါပေမယ့် သိပ်မကြာခင် ၇၇ မိနစ်မှာ ဖာနန်ဒက်စ်ရဲ့ ထောင့်ကန်ဘောကို ဝက်စ်ဟမ်းကစားသမားအဂူရက်ဒ်ရှင်းထုတ်တာမှာ ကိုယ့်ဂိုးကိုယ်သွင်းမိသလိုဖြစ်သွားလို့ ယူနိုက်တက်တို့ ချေပဂိုးရခဲ့တာပါ။ 

ဒါပေမယ့် ပွဲပြီးခါနီးအထိ ယူနိုက်တက်တို့ အနိင်ဂိုးမရဖြစ်နေပြီး မိနစ် ၉၀ မှာမှ ဂါနာချိုရဲ့ ဧရိယာအတွင်းကနေ ဂိုးသမားရဲ့ အဝေးတိုင်ထောင့်ကို လှမ်းကန်သွင်းမှုနဲ့အတူ ယူနိုက်တက်တို့ ဂိုးရခဲ့ပြီး ဆက်တိုက်ဆိုသလိုပဲ လူစားဝင်လာတဲ့ ဖရက်ဒ်က အနိုင်သေချာစေမယ့် ဂီုးကို ဝက်စ်ဟော့စ်ရဲ့ ပြိုင်ဘက်အပေါ်ဖိအားပေးမှုကနေ ရလာတဲ့ ဘောလုံးကို ကန်သွင်းယူခဲ့ပါတယ်။

တန်ဟက်ဂျ်ကတော့ သူ့ရဲ့ အသင်းကို ၃ မိနစ် မန်ချက်ဆိုပြီးတော့တောင် အသက်သွင်းနေပြီလို့ ဆိုရပါမယ်။ ၃ ရက်ကို ၁ပွဲနှုန်းနဲ့ ၅ ပွဲဆက်တိုက်ကစားရခဲ့ပေမယ့် ဘာစီလိုနာကို အနိုင်ယူခဲ့သလို ကာရာဘောင်းဖလားလည်းဆွတ်ခူးခဲ့ကာ အခုလည်း အက်ဖ်အေဖလား ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပြီး ဖူလ်ဟမ်နဲ့ အိမ်ကွင်းမှာ ကစားရမှာဖြစ်ပါတယ်။ 

တဖက်မှာတော့ မန်စီးတီး-ဘန်လေ၊ ရှက်ဖီး-ဘလက်ဘန်း၊ ဘရိုက်တန်-ဂရင်စ်ဘီတောင်း အသင်းတို့ ကစားရမှာဖြစ်ပြီး အက်ဖ်အေဖလားဗိုလ်လုပွဲက မန်ချက်စတာဒါဘီဖြစ်လာဖွယ်ရှိနေပါတယ်။ 

Share

Loading Next Article...
က္က