နော်ဝေနဲ့ပွဲမှာ သွင်းယူခဲ့တာပါ။

အက်စ်ပန်ညိုတိုက်စစ်မှူး ဟိုဆေးလူကတော့ စပိန်အတွက် ပထမဆုံးအကြိမ် ကိုယ်စားပြုကစားပေးခဲ့ရတဲ့ ပွဲမှာပဲ ခြေစွမ်းပြခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဟိုဆေးလူဟာ နော်ဝေကို စပိန်က ၃-၀ နဲ့ အနိင်ရရှိခဲ့တဲ့ပွဲမှာ လူစားဝင်လာခဲ့ပြီးနောက် ၂ ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြသွားခဲ့ပြီး သူ့ရဲ့ ပထမဆုံး စပိန်လက်ရွေးစင်ကစားသမားပွဲက လှပခဲ့ပါတယ်။ 

အသက် ၃၂ နှစ်ရှိနေပြီဖြစ်တဲ့ ဟိုဆေးလူဟာ ဂျာမနီဖွားဖြစ်ပေမယ့် စပိန်ကို ကိုယ်စားပြုခဲ့တာပါ။ နယူးကာဆယ်တိုက်စစ်မှူးဟောင်းလည်းဖြစ်တဲ့ သူဟာ စပိန်နည်းပြသစ်လက်ထက်မှာ ရွေးချယ်ခံခဲ့ရပြီးနောက် ပထမဆုံးပွဲကို မနေ့က ဝင်ကစားပေးခဲ့ရပြီး ပွဲကစားချိန် ၈၁ မိနစ်မှာ လူစားဝင်ခဲ့ပြီး ၄ မိနစ်အကြာမှာပဲ သွင်းဂိုး ၂ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ 

ပွဲချိန် ၈၄ မိနစ်နဲ့ ၈၅ မိနစ်တွေမှာ သူက စပိန်အတွက် ဂိုးတွေဆက်တိုက်သွင်းပြီး နိုင်ပွဲကို ပြတ်သားစေခဲ့ပါတယ်။ စပိန်နည်းပြသစ် ဟိုဆေးလူး၀စ္စဒီလာဖန်တီအတွက်လည်း မျက်နှာပန်းလှခဲ့တဲ့ပွဲဖြစ်ပြီး ဟာလန်းမပါဝင်တဲ့ နော်ဝေဟာ စပိန်ကို ချေပဂိုးတောင် မသွင်းနိုင်ခဲ့ဘဲ ယူရိုခြေစစ်ပွဲ အဖွင့်ပွဲမှာတင် ဂိုးပြတ်အရေးနိမ့်သွားခဲ့ပါတယ်။ 

ဟိုဆေးလူဟာ ဒီရာသီမှာ အက်စ်ပန်ညိုအတွက် ခြေစွမ်းပြကစားနေပြီး လာလီဂါ ၁၂ ဂိုးအထိ ရရှိထားသူဖြစ်ပါတယ်။ ကစားသမားဘ၀မှာ သူက ဆယ်လ်တာဗီဂို၊ ရီးရဲလ်မက်ဒရစ်၊ ဟော့ဖန်ဟိမ်း၊ ဖရန့်ဖတ်၊ ဟန်နိုဗာ၊ စတုတ်၊ ဒီပို့တီဗီု၊ နယူးကာဆယ်၊ အလာဗက်စ်နဲ့ အက်စ်ပန်ညိုတို့လို အသင်းအများအပြားမှာ ကစားခဲ့သူဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က