ဘရာဇီးလ်ကတော့ သူ့ စကေးလ်ကို အပြကောင်းခဲ့ပေမယ့် ဝေဖန်ခံနေရပါတယ်။

ယူနိုက်တက်တောင်ပံကစားသမားအန်တိုနီရဲ့ ရှာရစ်ဖ်နဲ့ပွဲမှာ ပြသခဲ့တဲ့ 360 Spin အကွက်ကို ပေါလ်စခိုးနဲ့ ရော်ဘီဆားဗေ့ချ်တို့က အပြင်းအထန်ဝေဖန်လိုက်ပါတယ်။ အေဂျက်ဇ်ကစားသမားဘ၀မှာကတည်းက ဘောလုံးနဲ့အတူ ခန္ဓာကိုယ်ကို ၃၆၀ ဒီဂရီလှည့်ကာစကေးလ်ပြသခဲ့တဲ့ အကွက်က အန်တိုနီရဲ့ နာမည်ကျော်ပြကွက်တခုလည်းဖြစ်ကာ ယူနိုက်တက်မှာလည်း အခုလိုလုပ်ပြနေတာဖြစ်ပါတယ်။ 

ဒါပေမယ့် ဘောလုံးပွဲဝေဖန်သုံးသပ်သူ ပေါလ်စခိုးနဲ့ ရော်ဘီဆားဗေ့ချ်တို့ကတော့ ဒါက ဘာအဓိပ္ပာယ်မှမရှိတဲ့လုပ်ရပ်လို့ မနေ့ညကပွဲချိန်တွင်းမှာ ဝေဖန်ခဲ့ကြပါတယ်။ အန်တိုနီကတော့ အဆိုပါပွဲမှာ ရက်ရှ်ဖို့ဒ်နဲ့ လူစားလဲလှယ်ခံခဲ့ရပြီး ခြေစွမ်းပြသနိုင်ဖို့ရုန်းကန်ခဲ့ရပေမယ့် သူ့ရဲ့ ဘောလုံးပညာကျွမ်းကျင်မှုကိုတော့ အိမ်ကွင်းပရိသတ်ရှေ့မှာ ပြသသွားခဲ့တာဖြစ်ပါတယ်။ 

"အန်တိုနီက သူ့ဆီကနေ ဘယ်သူကမှလည်း ဘောလုံးလိုက်မလုဘဲနဲ့ ဒါကြီးကို လုပ်ပြနေတာ ရှက်စရာကြီး၊ ကျနော်သာ နည်းပြဆိုရင်တော့ ဒါကြည့်ပြီး ပျော်နေမှာမဟုတ်ဘူး၊ ပွဲကိုအနိုင်ရအောင်လုပ်၊ ဘောလုံးကို မြန်မြန်သယ်နိုင်အောင်ကြိုးစားစမ်းပါကွာ၊ ကျနော်သာ နည်းပြဆိုရင် ဒီကောင့်ကို ကွင်းထဲကနေ ထုတ်ပစ်လိုက်မှ၊ ဒီအတွက်က ဘာကိုပြောချင်နေတာလဲ" လို့ ရော်ဘီဆားဗေ့ချ်က ပြောဆိုခဲ့ပါတယ်။ 

ဒါ့အပြင် ပေါလ်စခိုးကလည်း "သူ ဘာတွေလုပ်နေတာလည်း ကျနော်မသိဘူး၊ ရယ်စရာတော့ကောင်းတယ်၊ ဒါက ဘယ်သူ့ကိုမှ ဖျော်ဖြေနေတာလည်းမဟုတ်ဘူး၊ ပြီးတော့ ဘောလုံးကို ကန်ထုတ်ပစ်လိုက်တယ်၊ ဒါက သူ့ကစားပုံလားတော့မသိဘူး၊ ဒါပေမယ့် သူ့ကစားပုံကတော့ တော်တော်လေးလိုအပ်နေတယ်လို့ ကျနော်ကတော့ ထင်တယ်" လို့ ပြောဆိုခဲ့ပါတယ်။ 

အိုဝင်ဟားဂရေ့ဗ်ကလည်း "မင်း ဒီလိုမျိုးလုပ်တယ်ဆိုရင် ပြိုင်ဘက်ခံစစ်ဇုန်ထဲ ဘောလုံးပါ ပို့ပေးနိုင်ရင် ပိုကောင်းတာပေါ့၊ ဒါပေမယ့် ဂိုးမရှိသရေကျနေချိန်မှာ ဒါမျိုးက လုပ်ဖို့လိုအပ်လို့လား၊ အသင်းက ၃ဂိုး၊ ၄ ဂိုးလောက်နဲ့ နိုင်နေရင်တောင်မှ မလုပ်သင့်ဘူးလို့ ကျနော်ကတော့ ထင်တယ်၊ ဒါက လေးစားမှုကင်းမဲ့တဲ့လုပ်ရပ်ပဲ" လို့ ပြောဆိုခဲ့ပါတယ်။ 

Share

Loading Next Article...
က္က