Bluetooth 5.2 support ပေးထားပါတယ်။

OnePlus ရဲ့ flagship ဖုန်းသစ် OnePlus 9RT နဲ့အတူ OnePlus Buds Z2 ကြိုးမဲ့နားကြပ်သစ်ပါ မိတ်ဆက်သွားပါတယ်။ 

OnePlus Buds Z2 ဟာ ANC လို့ ခေါ်ကြတဲ့ ပတ်ဝန်းကျင် ဆူညံသံတွေကို လျှော့ချပေးနိုင်ပြီး အကြားအာရုံကို ကာကွယ်ပေးနိုင်မယ့် Active Noise Cancelling နည်းပညာနဲ့ လာပါတယ်။ အသံနားထောင်မှုပိုင်းအတွက် Dolby Atmos စနစ် ပံ့ပိုးထားပြီး နားအတွင်းပိုင်းတွေ မနာအောင် ဆီလီကွန်အုပ်ထားတဲ့ ဒီဇိုင်းသုံးထားပါတယ်။ အရင် OnePlus Budsထက် ပိုကောင်းလာတာက အတွင်းပိုင်း features တွေ ဖြစ်ပါတယ်။ 





Buds သစ်ဟာ microphones ကို နှစ်ခုကနေ သုံးခုအထိ တိုးပြီး တပ်ဆင်လာပါတယ်။ ဒီမိုက်ခရိုဖုန်းသုံးခုက Buds Z2 ရဲ့ 40dB အသံဆူညံမှုလျှော့ချရေးအတွက် အကောင်းဆုံးကူညီပံ့ပိုးပေးမှာ ဖြစ်ပါတယ်။ကွန်ရက်လိုင်းကျမှု Latency ကို 100ms အောက်ပဲ ရှိအောင် ဒီဇိုင်းထုတ်ထားလို့ ဂိမ်မာတွေနဲ့ ဖျော်ဖြေရေးဝန်ဆောင်မှု အသုံးများသူတွေအတွက် ဖျော်ဖြေရေးစီးမြောမှုမှာ အဟန့်အတား ဖြစ်စေမှာ မဟုတ်ပါဘူး။

OnePlus နားကြပ်သစ်ရဲ့ အားသာချက်တစ်ခုက ဘက်ထရီ lifetime ၃၈ နာရီအထိ အားခံတာ ဖြစ်ပါတယ်။ ANC ဖွင့်ထားချိန်မှာတော့ ၂၇ နာရီပဲ သုံးနိုင်မယ်ဆိုပေမယ့် ဒါလည်း အရင် original Buds Z ရဲ့ နာရီ ၂၀ ကြာချိန်ထက် အတော်လေး များတယ်လို့ ဆိုရမှာပါ။ Buds Z2 မှာ IP55 rating ရေစိုခံမှု ပါရှိပြီး Bluetooth 5.2 support ပေးထားပါတယ်။ audio ပိုင်းမှာ 11mm drivers ၁၁ ခု ရထားပြီး နားထောင်သူကို ဆူညံသစ်စစ်ထုတ်ပြီး ရှင်းလင်းပြတ်သားတဲ့အသံ နားဆင်နိုင်ဖို့ Transparency mode တစ်ခုလည်း ပါရှိပါတယ်။ 

တရုတ်ဈေးကွက်မှာ OnePlus Buds Z2 ကို အောက်တိုဘာ ၁၉ ရက်နေ့ စတင်ရောင်းချသွားမှာ ဖြစ်ပြီး အနက်/အဖြူ ကာလာနှစ်မျိုးနဲ့ ထွက်မှာပါ။ ဈေးနှုန်း ယွမ် ၅၀၀ (မြန်မာငွေ ၁ သိန်းခွဲခန့်) ကျသင့်မယ်လို့လည်း ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က