အယ်လ်-နက်ဆာကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ တနင်္ဂနွေနေ့မှာ အသက် ၃၈ နှစ်ပြည့်မြောက်ခဲ့တာကြောင့် ၎င်းရဲ့အသင်းဖော်တွေဟာ အထူးသီးသန့်ပြုလုပ်ထားတဲ့ မွေးနေ့ကိတ်နဲ့ စပရိုက် တိုက်ခဲ့ပါတယ်။
ဆော်ဒီ အာရေဗျကလပ်အသင်းက တင်ခဲ့တဲ့ ဗီဒီယိုဖိုင်ထဲမှာ ရော်နယ်လ်ဒိုဟာ အယ်လ်-နက်ဆာအသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ အသင်းဖော်သစ်တွေနဲ့အတူ မွေးနေ့ပွဲ ကျင်းပနေတာကို မြင်တွေ့ခဲ့ရပြီး ပေါ်တူဂီကြယ်ပွင့်ဟာ လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်တုန်းက ထုတ်ဖော်မိတ်ဆက်ပွဲက ၎င်းနဲ့ ၎င်းရဲ့မိသားစုပုံနဲ့ မွေးနေ့ကိတ်မှာ 'ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ ရော်နယ်လ်ဒို'ဆိုတဲ့စာသားနဲ့အတူ စပရိုက် တိုက်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။
အယ်လ်-နက်ဆာအသင်းက ၎င်းတို့ရဲ့ တရားဝင်တွစ်တာအကောင့်ပေါ်မှာ "ရော်နယ်လ်ဒိုက သူ့အိမ်အသစ်မှာ သူ့ရဲ့ပထမဆုံးမွေးနေ့ကို ဆင်နွှဲခဲ့တယ်။ ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင် ခရစ္စတီယာနိုကို ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အောင်မြင်မှုတွေ ပြည့်နှက်နေတဲ့ နောက်ထပ်နှစ်တစ်နှစ်ဖြစ်ပါစေ"ဆိုတဲ့ စာသားနဲ့အတူ ဗီဒီယိုဖိုင်ကို တင်ထားခဲ့တာဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်းဟာ အသင်းဖော်တွေနဲ့ အုပ်စုလိုက်ဓာတ်ပုံမရိုက်ကူးမီ မွေးနေ့ဆုတောင်း သီချင်းသီဆိုပေးခြင်းခံခဲ့ရချိန်မှာ ပြုံးပျော်နေခဲ့ပြီး စိတ်ဝင်စားစရာကောင်းစွာနဲ့ပဲ ပေါ်တူဂီဂန္တဝင်ရဲ့ မွေးနေ့ဟာ အယ်လ်-နက်ဆာအတွက် ပထမဆုံးသွင်းဂိုးကို သွင်းယူပြီးနောက် ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။