လီဗာပူးတို့ မာဆေးဆိုက်ဒ်ဒါဘီမှာ သရေကျခဲ့တာပါ။

စနေညရဲ့ အစောပိုင်းမှာတင် ပရိသတ်တွေက တော်တော်လေးကို ကောင်းမွန်တဲ့ ပွဲကောင်းတပွဲကို ကြည့်ရှုခံစားခွင့်ရရှိခဲ့တာပါ။ နှစ်သင်းလုံးက ရလဒ်ကောင်းဖို့ မဖြစ်မနေ လိုအပ်နေပြီး နှစ်သင်းလုံးက အနိုင်ရသွားလောက်တဲ့ အခွင့်အရေးတွေကို ဖန်တီးနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာတင် ပွဲက တော်တော်လေး မြိုင်ဆိုင်ခဲ့ပြီး ဒုတိယပိုင်းကတော့ ဇာတ်ရှိန်အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။



ပထမပိုင်းမှာ အဲဗာတန်ဘက်က ဂိုးပေါက်ခြိမ်းခြောက်မှုတွေ တိုင်ထိထွက်ခဲ့သလို လီဗာပူးဘက်ကလည်း ဒါဝင်နူးနက်ဇ်၊ ဒီယက်ဇ်တို့ရဲ့ နှစ်ဆင့်ဆက်တိုက် ကန်ချက်တွေက တိုင်ထိထွက်ခဲ့ပါတယ်။ ဒုတိယပိုင်းအစမှာတည်းက လီဗာပူးက ဂိုးရဖို့ တိုက်စစ်ဆင်ခဲ့သလို အဲဗာတန်ကလည်း ဂေါ်ဒွန်၊ မော်ပေး၊ တွမ်ဒေးဗီးစ်တို့ရဲ့ တိုးအားတွေနဲ့ လီဗာပူးကို တန်ပြန်တိုက်စစ်ကတဆင့် အကောင်းဆုံး ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

ပစ်ဖို့ဒ်အကြိမ်ကြိမ် လက်စွမ်းပြခဲ့ရသလို လူစားဝင်ကစားသမား ဂွေယီရဲ့ ကန်ချက်ကိုလည်း အယ်လစ်ဆန် အံ့အားသင့်ဖွယ် ကာကွယ်ပြခဲ့ပါတယ်။ လီဗာပူးရဲ့ ထိုးဖောက်မှုတွေ ကောင်းမွန်ခဲ့သလို အဲဗာတန်ဘက်က ကောင်တာပြန်တိုက်တဲ့အချိန်မှာလည်း ဗန်ဒိုက်ချ်တို့အုပ်စုတွေ အကြီးအကျယ် ရုန်းကန်ခဲ့ရပါတယ်။ အဲဗာတန်ဘက်က ကိုအာဒီရဲ့သွင်းဂိုး VAR နဲ့ပယ်ဖျက်ခံရတာလည်း နစ်နာပါတယ်။

ရလာတဲ့အခွင့်အရေးကို ကိုအာဒီက အနီးကပ်ပိတ်သွင်းယူခဲ့တာဖြစ်ပြီး ဒီလိုမျိုးသွင်းယူတဲ့အချိန်မှာ ကိုအာဒီက မဆိုသလောက်လေး လူကျွံနေတယ်လို့ VAR က သတ်မှတ်ခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် ဒါက အငြင်းပွားဖွယ်ဖြစ်လာဖို့ရှိပါတယ်။ ပွဲပြီးခါနီးအထိလည်း နှစ်ဖက်ဂိုးသမားတွေ အထူးသဖြင့် ပစ်ဖို့ဒ် လက်စွမ်းပြခဲ့ရပြီး ဂိုးမရှိသရေနဲ့သာ ပွဲပြီးဆုံးခဲ့ပါတယ်။

သူတို့က ဒီရာသီမှာ ဘုန်းမောက်နဲ့ပွဲကလွဲရင် ပွဲတိုင်းကို ရုန်းကန်နေရတာပါ။ နယူးကာဆယ်ကိုနိုင်ခဲ့သည့်တိုင် နောက်ဆုံးမိနစ်မှ အနိုင်ဂိုးရခဲ့ပြီး အရင်တုန်းက ပုံစံမျိုး လုံးဝကို ပျောက်ဆုံးသွားခဲ့ပြီလို့ ပြောရမှာပါ။ တိုက်စစ်က ပြိုင်ဘက်ခံစစ်ကို ထိုးဖောက်ဝင်ရောက်ဖို့ တော်တော်လေး ဒုက္ခရောက်နေပြီး ဆာလာ၊ နူးနက်ဇ်တို့လည်း ဘယ်လိုမှပုံစံကောင်းမပြနိုင်ခဲ့ပါဘူး။ ဒီခြေစွမ်းအနေအထားနဲ့ကတော့ လီဗာပူးတို့ ပွဲကျပ်တွေများလာချိန်မှာ ပိုမိုရုန်းကန်ရဖို့ပဲရှိပါတော့တယ်။

Share

Loading Next Article...
က္က