mid-range processor သစ်ကို သုံးလာမယ့် ဖုန်းတွေထဲမှာ Vivo X23 က ဆန်းသစ်မှု အရှိဆုံး ခေတ်ပေါ်ဖုန်းတစ်လုံး ဖြစ်မှာပါ။
Photo: GSMArena
Vivo ဟာ နောက်ပိုင်းမှာ စမတ်ဖုန်းလောကရဲ့ အကောင်းဆုံး နည်းပညာတွေ လက်ဆင့်ကမ်းတဲ့အပြင် ကိုယ်ပိုင် ဖန်တီးမှုအသစ်တွေပါ လုပ်ဆောင်လာပါတယ်။ under-display fingerprint လို့ခေါ်တဲ့ display အောက်မှာ လက်ဗွေထည့်ထားတဲ့ နည်းပညာကို ပထမဆုံးသုံးလာခဲ့တဲ့ Vivo ဟာ မကြာခင် မိတ်ဆက်သွားမယ့် Vivo X23 မှာလည်း ဒီနည်းပညာကိုပဲ ဆက်သုံးသွားမှာပါ။
ထူးခြားတာက Vivo X23 ကတော့ high-end မော်ဒယ် ဖြစ်ဖို့မရှိပါဘူး။ သတင်းတွေမှာတော့ ဒီဖုန်းဟာ Qualcomm ရဲ့ နောက်ဆုံးပေါ် Snapdragon 670 SoC သစ်ကို သုံးသွားမယ်လို့ဖော်ပြထားပါတယ်။ mid-range အထူးပြု ဖုန်းတွေအတွက် သီးသန့်ထုတ်ထားတဲ့ processor ဖြစ်လို့Vivo X23 ဟာ mid-range ဖုန်းတွေထဲမှာကိုပဲ ထူးခြားတဲ့ ဖုန်းတစ်လုံးဖြစ်ဖို့ရှိပါတယ်။
ဒီဖုန်းဟာ မျက်နှာပြင် ၆.၄ လက်မရှိပြီး display တစ်ခုလုံးဟာ မှန်ပြင်ပြည့် ဖြစ်နေမှာပါ။ နောက်ထပ် ထူးခြားတာက ဒီဖုန်းဟာ notch သုံးပေမယ့် မြင်နေကျ notch ဒီဇိုင်းတွေနဲ့ကွဲပြားတဲ့ Essential Phone စတိုင် notch အဝိုင်းသေးကို သုံးသွားဖို့ရှိနေပါတယ်။ ဒီ notch ဟာ iPhone X စတိုင် 3D Face Unlock စနစ်ကို သုံးနိုင်မယ်လို့လည်း သတင်းထွက်ထားပါတယ်။
notch ကလွဲရင် အောက်ဘောင် chin မပါတော့ဘဲ screen နေရာတွေချည်း ဖြစ်နေပါတယ်။ Vivo X23 ဟာ ဒီ display ရဲ့အောက်မှာ လက်ဗွေဖတ်စနစ်ကို ထည့်သွင်းပေးထားမှာပါ။ RAM ပမာဏအမြင့်စားကို စမတ်ဖုန်းတွေဟာ trend တစ်ခုလို သုံးလာချိန်မှာ Vivo X23 ဟာလည်း RAM 8GB အထိ ရှိလာမယ်လို့သတင်းထွက်ထားပါတယ်။
Photo: Gizbot
ကင်မရာပိုင်းအတွက် သတင်းတွေ မသိရသေးပေမယ့် ကျောဘက်မှာ dual cameras တွေကိုပဲ သုံးဖို့ရှိပါတယ် ။ Vivo X23 ကို ဒီတစ်ပတ်ထဲ မိတ်ဆက်သွားမှာ ဖြစ်လို့သတင်းအတိအကျကိုတော့ တရားဝင်မိတ်ဆက်ပွဲမှာ ပြန်ကြားရမှာပါ။