အသံလည်မျိုပြွန်တု သုံးတာပါ

ကွယ်လွန်ပြီး နှစ် ၃၀၀၀ အကြာမှာ ရှေးဟောင်းအီဂျစ်ဘုန်းကြီးတစ်ပါးရဲ့ အသံဟာ နည်းပညာသစ်တွေရဲ့ အကူအညီနဲ့ ပြန်လည်နိုးထလာပါတော့တယ်။


နက်ဆယာမန်ဟာ ဖာရိုဘုရင် ရမ်ဆီး ၂ လက်ထပ်က ဘုန်းကြီးတစ်ပါးဖြစ်ပြီး သူကွယ်လွန်ချိန် လွန်ခဲ့တဲ့ နှစ် ၃၀၀၀ ခန့်က ရုပ်အလောင်းကို မပုပ်မသိုးအောင် မံမီအဖြစ် စီမံခဲ့တာပါ။ သေဆုံးချိန် အခေါင်းမှာ "စစ်မှန်တဲ့ အသံ" ဆိုပြီး ရေးထွင်းခံခဲ့ရတဲ့ နက်ဆယာမန်ရဲ့ မံမီရုပ်အလောင်းက အသံကို လိဒ်စ်ပြတိုက်နဲ့ ရွိုင်ရယ်ဟိုလိုဝေး ၊ လန်ဒန်တက္ကသိုလ် နဲ့ ယော့ခ်တက္ကသိုလ် သိပ္ပံပညာရှင်တစ်စုက နည်းပညာအကူအညီနဲ့ ပြန်ဖန်တီးခဲ့တာ ဖြစ်တယ်လို့ Sky News သတင်းမှာ ဖော်ပြထားပါတယ်။




နက်ဆယာမန်ရဲ့ ရုပ်အလောင်းဟာ မပျက်စီးအောင် ထိန်းသိမ်းထားတာ ဖြစ်လို့ သိပ္ပံပညာရှင်တွေအနေနဲ့ Leed အထွေထွေဆေးရုံမှာ သုံးတဲ့ CT Scanner အကူအညီနဲ့ နက်ဆီယာမန်ရဲ့ လည်ချောင်း ၊ ပါးစပ်နဲ့ အသံအိုးတို့ရဲ့ ပုံရိပ်နဲ့ ဒိုင်မန်းရှင်းတွေ တိုင်းတာဖတ်ရှုနိုင်ခဲ့တာပါ။ ဒီနောက်မှာတော့ ဖမ်းယူထားတဲ့ ပုံရိပ်တွေကို Vocal Tract Organ လို့ခေါတဲ့ 3D Print မော်ဒဘ် နည်းပညာနဲ့ အသံကို ပြန်လည်ပုံဖော်တာ ဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေဟာ လည်မျို အသံလမ်းပြွန်တုတစ်ခုနဲ့ 3D အသံအိုးတစ်ခု ပေါင်းစပ်ပြီး သရသံတစ်မျိုး ထုတ်လုပ်တာပါ။ ဒီအသံဟာ သိုးအော်သံနဲ့ ဆင်တယ်လို့ ဆိုပါတယ်။ ပလတ်စတစ်ပုံတူ ပြန်ဖန်တီးထားတဲ့ ဒီအသံလည်မျိုပြွန်တုဟာ စကားမပြောနိုင်တော့တဲ့ လူတွေမှာ အသုံးပြုပါတယ်။

" အတိတ်က တံခါးတစ်ချပ်ကို ဖွင့်လှစ်ပေးလိုက်တဲ့ စိတ်ဝင်စားစရာ ပရောဂျက်ပါပဲ။ ဟိုအရင် နှစ် ၃၀၀၀ လောက်က လူတွေရဲ့ အသံကို ပထမဆုံးအကြိမ်အဖြစ် ပြန်လည် မျှဝေနိုင်လို့ ကျွန်တော်တို့ အလွန်ပဲ စိတ်လှုပ်ရှားခဲ့ကြပါတယ်။" လို့ လန်ဒန်တက္ကသိုလ် ရွိုင်ရယ်ဟိုလိုဝေး ပါမောက္ခ ဒေးဗစ်ဟောင်းဝဒ်က ဆိုပါတယ်။

Photo: Daily Times


နက်ဆယာမန်ဟာ ဘီစီ ၁၀၉၉ ကနေ ၁၀၆၉ အတွင်း အုပ်စိုးခဲ့တဲ့ ဖာရိုးဘုရင်ရမ်ဆီး XI ရဲ့ လက်အောက် သီးဘ်စ်မြို့ ကာနက်ခ်ဘုရားကျောင်းမှာ အမှုထမ်းခဲ့သူ ဖြစ်ပါတယ်။ ဘုန်းတော်ကြီးတစ်ယောက်အနေနဲ့ သူ့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာထဲက ဘုရားစာနဲ့ တေးသီချင်းတွေ သီဆိုမှုဟာ အရေးပါတဲ့ အခန်းကဏ္ဍက ရှိပါတယ်။

အခုလို ရှေးအီဂျစ်ခေတ် မံမီရုပ်အလောင်းတစ်ခုရဲ့ အသံကို ပြန်ခေါ်နိုင်ခြင်းကြောင့် နက်ဆယာမန်ရဲ့ ရုပ်အလောင်း ထားရှိရာ လိဒ်စ်ပြတိုက်ဟာ အလည်အပတ်လာသူတွေကို ပိုဆွဲဆောင်နိုင်ဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က