နည်းပြနဲ့ ဆက်ဆံရေး အဆင်မပြေဘူးလို့ သတင်းတွေထွက်လာပါတယ်။

အယ်လ်ဟီလယ်ကို ပြောင်းရွှေ့ပြီး ၃ပွဲသာ ကစားပေးထားရချိန်မှာ နေမာဟာ နည်းပြဖြစ်သူနဲ့ အဆင်မပြေဖြစ်နေတယ်လို့ ဆိုပါတယ်။ အာရှချန်ပီယံလိဂ်ပွဲအဖြစ် Navbahor Namangan နဲ့ ကစားခဲ့တဲ့ပွဲမှာ နေမာရဲ့ အမူအကျင့်တွေကို နည်းပြဂျော့ဂျီးဆပ်က သဘောမကျဖြစ်ခဲ့ပြီး နှစ်ဦးသားကြား စကားများခဲ့ကြပါတယ်။ 

အဆိုပါပွဲကတော့ တဖက်တဂိုးစီနဲ့ သရေကျခဲ့ပြီး ပွဲချိန်အတွင်း နေမာက ပြစ်ဒဏ်ဘောကန်ရမယ့်အချိန်မှာ ပြိုင်ဘက်ကစားသမားကို ဘောလုံးနဲ့ တည်ကန်ခဲ့တာပါ။ နေမာဟာ ပြီးခဲ့တဲ့ပွဲမှာလည်း အသင်းအတွက် ခြေစွမ်းမပြနိုင်ခဲ့ဘဲ ရုန်းကန်ခဲ့ရပြီး ဝေဖန်ခံနေရပါတယ်။ 

အာရှချန်ပီယံလိဂ်ပွဲမှာဆိုရင် နေမာက ဘောလုံးဆုံးရှုံးမှုပေါင်း ၃၂ ကြိမ်အထိ ရှိခဲ့ကာ ဘယ်ကစားသမားထက်မဆို ပိုမိုများပြားနေခဲ့တာလည်း ဖြစ်ပါတယ်။ နေမာအနေနဲ့ နည်းပြနဲ့ အဆင်မပြေဖြစ်နေတာကြောင့် ကွင်းထဲမှာ သူ ကစားချင်သလို ကစားနေတာလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်လာခဲ့ပါတယ်။ 

ပေါ်တူဂီနည်းပြက ပြိုင်ဘက်ကို ဘောလုံးနဲ့ တည်ကန်ခဲ့တဲ့ နေမာကို ဝေဖန်ခဲ့ပြီး နေမာဘက်က တုံ့ပြန််မှုကလည်း တော်တော်လေးဆိုးရွားခဲ့တယ်လို့ သိရပါတယ်။ နေမာဟာ ဂျော့ဂျီးဆပ်ကို ရာထူးကနေ ထုတ်ပယ်ဖို့အတွက် အယ်လ်ဟီလယ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ 

Share

Loading Next Article...
က္က