စုစုပေါင်း ၅ ဂိုးအထိ ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။

ဒီမနက်ကစားခဲ့တဲ့ အော်လန်ဒိုစီးတီးနဲ့ပွဲမှာ မက်ဆီက ခြေစွမ်းပြခဲ့ပြန်ပါပြီ။ အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့တဲ့အပြင် အနိုင်သေချာစေမယ့်ဂိုးကိုလည်း ဒုတိယပိုင်းမှာ သွင်းပေးခဲ့ကာ ၂ဂိုးအထိ သွင်းပြီး သူ့ရဲ့ တောက်ပနေမှုတွေကို ဆက်လက်ပြသနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာပဲ မက်ဆီက အဖွင့်ဂိုးကို ၈ မိနစ်မှာ သွင်းယူပေးခဲ့တာပါ။ 

မက်ဆီဟာ အင်တာမိုင်ယာမီအတွက် ဒုတိယပိုင်းမှာ တဂိုး ထပ်မံသွင်းယူနိုင်ခဲ့ပြီး အော်လန်ဒိုစီးတီးကို ၃-၂ နဲ့ အနိုင်ရရှိအောင် ကူညီနိုင်ခဲ့ပါတယ်။ သူ့အတွက် ဒုတိယဂိုးမရခင်မှာ ပင်နယ်တီရခဲ့ပေမယ့် မက်ဆီက သူ မကန်သွင်းဘဲ အသင်းဖော်မာတီနက်ဇ်ကိုသာ ပေးကန်ခဲ့ပါတယ်။ 

အင်တာမိုင်ယာမီအတွက် ၃ပွဲကစားပြီးချိန်မှာပ​မြက်ဆီက သွင်းဂိုး ၅ ဂိုး၊ ဖန်တီးမှု ၁ ကြိမ်လုပ်ပေးနိုင်ခဲ့ကာ ပျမ်းမျှအားဖြင့် တပွဲကို ၂ဂိုးနှုန်း ပါဝင်ပတ်သက်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာတော့ သူ ပြိုင်ဘက်ကစာသးမားကို ပြစ်ဒဏ်ကျူးလွန်လို့ အဝါထိခဲ့သေးပြီး အင်တာမိုင်ယာမီကစားသမားဘ၀ ပထမဆုံး အဝါကတ်လည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ပွဲမှာ Thor ပုံစံ အောင်ပွဲခံဟန်ကို ပြုလုပ်ခဲ့တဲ့ မက်ဆီဟာ ဒီနေ့ပွဲမှာ ဂိုးသွင်းပြီးနောက် Wakanda Forever အောင်ပွဲခံဟန်ကို ထပ်လုပ်ပြခဲ့ပြီး သူ့ရဲ့ သားတွေ ပျော်ရွှင်အောင် လုပ်ခဲ့ပြန်ပါတယ်။ မက်ဆီရဲ့ ဆက်တိုက်ခြေစွမ်းပြသနေမှုကတော့ ဘက်ခမ်းတို့အားလုံးအတွက်လည်း ကျေနပ်စရာကောင်းနေခဲ့ပါတယ်။ 

Share

Loading Next Article...
က္က