ပေါ်တူဂီနဲ့ ကစားအပြီး ၃ ရက်အကြာမှာပဲ ဘရာဇီးလ်နဲ့ကစားရမှာပါ။

ဘရာဇီးလ်နဲ့ ကစားရမယ့် ပွဲမတိုင်ခင်မှာ တောင်ကိုရီးယားနည်းပြပေါ်လိုဘင်တိုက သူ့အသင်းက ၃ ရက်အတွင်း နောက်တပွဲ ထပ်ကစားရမယ့်အပေါ်မှာ ညည်းတွားပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် တောင်ကိုရီးယားက ဘယ်တော့မှလက်မလျှော့ဘူးလို့လည်း ပြောဆိုခဲ့ကာ ဘရာဇီးလ်ကို အကောင်းဆုံးရင်ဆိုင်သွားမယ်လို့လည်း ဘင်တိုက ဆိုပါတယ်။ 

တောင်ကိုရီးယားဟာ အုပ်စုနောက်ဆုံးပွဲစဉ် နဲ့ ၁၆ သင်းအဆင့်ပွဲစဉ်ကို ၃ ရက်သာ ခြားပြီးကစားရမှာပါ။ ပေါ်တူဂီနဲ့ အကြိတ်အနယ်ကစားခဲ့ရပြီးနောက် သူ့ကစားသမားတွေ အသင့်မဖြစ်နေမှာကို ဘင်တိုက စိုးရိမ်နေပုံရပါတယ်။ ဘရာဇီးလ်ကတော့ တောင်ကိုရီးယားထက် နားချိန်ပိုရထားကာ နေမာလည်း ပြန်ကစားနိုင်မှာဖြစ်လို့ လူစုံတက်စုံ ပွဲထွက်လာဖို့ရှိနေပါတယ်။ 

ဘင်တိုက "အရင်ပွဲတွေမှာ ပင်ပန်းနွမ်းနယ်မှုတွေရှိခဲ့ပါတယ်၊ အထူးသဖြင့် ပေါ်တူဂီနဲ့ပွဲမှာ စိတ်ရော၊ ကိုယ်ပါ နွမ်းနယ်ခဲ့လို့ ကစားသမားတွေကို နားရက်ပေးပြီး နောက်တရက်မှ လေ့ကျင်ဖို့ ဆုံးဖြတ်ခဲ့ရပါတယ်၊ ၂၀၁၈ အုပ်စုအဆင့်တွေအပြီးမှာ ၇၂ နာရီအကြာမှာ ကစားခဲ့ရလားတော့ ကျနော်မမှတ်မိတော့ဘူး၊ ကျနော့်အမြင်အရ ၃ ရက်အကြာမှာ ကစားရတာ တရားမျှတတယ်လို့ မထင်ပေမယ့် လက်ခံဖို့တော့ လိုမှာပါ"

"ဘရာဇီးလ်လို အသင်းကြီးနဲ့ ရင်ဆိုင်ရမှာက ခက်ခဲပါတယ်၊ ကျနော့်အမြင်အရဆို ဘရာဇီးလ်က ချန်ပီယံဖြစ်မယ့်အသင်းမျိုးပါ၊ ကျနော်တို့မှာ ရှိနေတဲ့ အခက်အခဲတွေကို ပေါင်းထည့်လိုက်မယ်ဆိုရင် ကျနော်တို့ ရင်ဆိုင်ရမှာက အရမ်းခက်ခဲတယ်ဆိုတာ သိသာထင်ရှားပါတယ်၊ ကျနော်တို့ ကြိုးစားမှာပါ၊ ဘယ်တေ့ာမှ အရှုံးမပေးပါဘူး" လို့ ပြောဆိုခဲ့ပါတယ်။ 

Share

Loading Next Article...
က္က