ဂျပန်ဒီဇိုင်းကုမ္ပဏီ Balmuda ဟာ ကုမ္ပဏီရဲ့ ပထမဆုံးစမတ်ဖုန်းကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
Balmuda Phone ဟာ Screen အကြီးစားတွေ ခေတ်စားနေတဲ့ စမတ်ဖုန်းလောကထဲ ၄.၉ လက်မဆိုဒ် Compact မော်ဒယ်အဖြစ် ထွက်လာတာပါ။ လက်ထဲမှာ သဘာဝကျကျ သက်တောင့်သက်သာရှိရှိ ကိုင်နိုင်အောင် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပြီး အနောက်ဘက် Cover ကိုပါ လက်အထိအတွေ့အဆင်ပြေဖို့ Curved Design ထုတ်ထားတာ ဖြစ်ပါတယ်။ ဒီဖုန်းရဲ့ အဓိက ရည်ရွယ်ချက်က ကျစ်လျစ်ပြီး ကိုင်လို့ ကောင်းဖို့နဲ့ သားနားလှပဖို့ပါပဲ။
Photo: mynavi
ဒီဇိုင်းကုမ္ပဏီက ထုတ်တဲ့ ဖုန်းဖြစ်လို့ ဒီဇိုင်းပိုင်းမှာ တခြားစမတ်ဖုန်း ပင်မရေစီးက Brand တွေနဲ့ ကွဲပြားမှုရှိပါတယ်။။ Screen Size မှာ iPhone SE ထက် နည်းနည်းပိုကြီးတဲ့ ၄.၉ လက်မ နဲ့ လာပြီး Screen အပေါ် ညာထောင့်မှာ punch-hole ကင်မရာပေါက် သုံးထားပါတယ်။ 1080p screen သုံး Balmuda Phone ဟာ 16:9 ဘော်ဒီအချိုးနဲ့လာပါပြီး ကျောဘက် အပေါ်ဘယ်ထောင့်မှာ လက်ဗွေဖတ်ဖို့ Fingerprint Sensor ထည့်ထားပါတယ်။
Punch-Hole ထဲမှာ 8MP Selfie ကင်မရာ နဲ့ ကျောဘက်ညာအပေါ် ထောင့်မှာ 48MP sensor ဆိုပြီး ကင်မရာတစ်လုံးတည်းနဲ့ လာပါတယ်။ ဖုန်းမှာ သုံးထားတဲ့ Specs တွေဟာ Mid-Range တန်းလို့ ပြောနိုင်ပါတယ်။ Processor ဟာ Snapdragon 765 SoC ဖြစ်ပြီး RAM 6GB/128GB storage သုံးထားပါတယ်။ 2500mAh ဘက်ထရီဟာ ပါဝါအစားသက်သာတဲ့ processor ကြောင့် အသုံးခံဖို့ ရှိပါတယ်။ ကြိုးမဲ့အားသွင်းနိုင်လို့ Wireless Charging ကြိုက်သူတွေအတွက် အဆင်ပြေပါတယ်။
Photo: itmedia
တခြား features တွေအနေနဲ့ NFC ချိတ်ဆက်မှုပါပြီး IP44 water/dustproof rating ပါရှိပါတယ်။ ဒီဖုန်းမှာ သုံးတဲ့ Android 11 စနစ်ဟာ အန်းဒရိုက်ဖုန်းအများစုမှာ တွေ့ရတာနဲ့ အတော်ကွဲပြားမှု ရှိပါတယ်။ Google Maps ဖွင့်ဖို့ လိုင်းတွေထဲက တစ်ခုပေါ် Swipe လုပ်ရပြီး ဆော့ဖ်ဝဲလ်တစ်ခုနဲ့ တစ်ခုအကြား ကူးပြောင်းဖို့ ဘေးတိုက် Swipes လုပ်ရပါတယ်။ Camera app မှာလည်း ဓါတ်ပုံရိုက်တဲ့ Capture ခလုတ်ပေါ် Swipe လုပ်ပြီး food/cooking, people, night view နဲ့ movies modes တွေ သုံးနိုင်မှာပါ။
Monochromatic ဒီဇိုင်းနဲ့ လာတဲ့ Balmuda Phone ကို နိုဝင်ဘာ ၁၇ ရက်နေ့ ဂျပန်မှာ ရောင်းသွားမှာပါ။ ဈေးနှုန်း ယန်း ၁၀၄၈၀၀ (မြန်မာငွေ ၁၆ သိန်းခွဲခန့်) ကျသင့်မှာပါ။