အဆိုတော် ရွှေထူး၊ ထက်ယံ၊ X-Box နဲ့ Lil’z တို့ပါဝင်တဲ့ 4(Four) အဖွဲ့သားတွေက မကြာခင် 4 Four Show ပွဲလုပ်တော့မယ်လို့ ဆိုပါတယ်။
Photo: X Box
လူငယ်ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ 4 Four အဖွဲ့ သားတွေရဲ့ 4 Four Show ပွဲကို မကြာခင် ကျင်းပတော့မယ်လို့ x-box က ပြောပါတယ်။ ဒီတစ်ခါမှာတော့ လက်မှတ် နဲ့ လုပ်မယ့် Show ပွဲ ဖြစ်လာမယ်လို့ Duwun Media ကနေ ပြောပြခဲ့ပြန်ပါတယ်။
‘’ ကျွန်တော်တို့ 4 ပွဲ ဆိုရင် လက်မှတ်နဲ့ တစ်ခါမှ မဆိုဖူးဘူး။ ကျွန်တော်တို့ 4 Show ပွဲကို စောင့်နေကြတဲ့ နှစ် သက်တမ်းက တော်တော်ကြာတဲ့ ပရိသတ်တွေရှိလောက်တယ်။ ၂၀၁၄ လောက်တုန်းက နားထောင်ခဲ့ကြရပြီး ၂၀၁၉ ရောက်မှ 4 Four ပွဲကြည့်ရမယ် ဆိုလို့ရှိရင် သူတို့တွေ ဘယ်လိုခံစားရမလဲဆိုတာ သိချင်တာကြောင့် အောက်တိုဘာလ ထဲမှာ ပွဲကြီး တစ်ပွဲလုပ်ဖို့ရှိပါတယ်’’ ဆိုပြီးတော့ စက်တင်ဘာလ ၁၂ ရက်နေ့က အဆိုတော် မိစန္ဒီရဲ့ ‘’သတ္တိခဲ’’ တစ်ကိုယ်တော် တေးစီးရီး မိတ်ဆက်ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့ပါတယ်။
Photo: Moezin
ဒီအကြောင်းအရာကတော့ X-box က ပရိသတ်ကို Surprise လုပ်ဖို့ စီစဉ်နေတာပါလို့ ဆိုပါတယ်။ အသေးစိတ်ကိုတော့ သူကိုယ်တိုင် ပြောပြပေးသွားမယ်လို့ပြောပါတယ်။
‘’ကျွန်တော်က တိတ်တိတ်လေး စီစဉ်နေတာပါ။ အနားနီးတော့မှ ကြေညာမှာပါ။ ကျွန်တော်က ဘယ်တော့မှ အချိန်အကြာကြီး မကြေညာဘူး။ ကျွန်တော်တို့ ပရိသတ်ကို ကျွန်တော်တို့ ယုံတယ်။ 4Four လေးယောက်ဆိုရင် ယုံတယ်။ အဲဒီအတွက် ဒီကိစ္စကို လျှိုထားတာ ဒါပေမယ့် ဒီအင်တာဗျူးမှာတော့ ပြောပြမိသွားပြီ’’ ဆိုပြီးတော့ သဘောကျရယ်မောရင်းပြောပြလာပါတယ်။
Photo: Shwe Htoo
အောင်မြင်တဲ့ လူငယ်အဆိုတော် ၄ ယောက်ပါဝင်တဲ့ 4Four အဖွဲ့ကတော့ ထက်ယံ ၊ X-Box ၊ Lil-z နဲ့ ရွှေထူး တို့ ပါဝင်တာဖြစ်ပါတယ်။ သူတို့ဟာ ၂၀၁၄ ခုနှစ်တုန်းက 4Four Album ဆိုပြီးတော့ အခွေထွက်ရှိခဲ့တာဖြစ်ပါတယ်။ ဒီ အဆိုတော် ၄ ယောက်စလုံးကလည်း မိန်းကလေး ပရိသတ်တွေသာမက ယောကျ်ားလေး ပရိသတ်တွေလည်း အားပေးကြတဲ့ အဆိုတော်တွေဖြစ်ပါတယ်။