အစောပိုင်းတုန်းကတော့ သူ ဝေဖန်ပြစ်တင်နေခဲ့တာပါ။

အယ်လ်နာဆာအသင်းနည်းပြ ရူဒီဂါစီယာကတော့ ပြီးခဲ့တဲ့ပွဲမှာ ရော်နယ်ဒိုက ၄ ဂိုးအထိ သွင်းယူပေးခဲ့ပြီးနောက် ပ​ေါ်တူဂီကြယ်ပွင့်အပေါ် အမြင်ပြန်ကြည်လင်သွားပြီဖြစ်ပါတယ်။ အစောပိုင်းမှာ ရော်နယ်ဒိုဂိုးပေါက်ပျောက်နေခဲ့တဲ့နောက် သူက အယ်လ်နာဆာကစားသမားတွေကို ရော်နယ်ဒိုဆီပဲ ဘောလုံးပေးမကစားဖို့ သတိပေးခဲ့ဖူးပါတယ်။ 

အယ်လ်ဝါဒါနဲ့ပွဲမှာတော့ ရော်နယ်ဒိုက အသင်းဖော်တွေနဲ့ ဟန်ချက်ညီညီကစားသွားခဲ့ပြီး အားလုံးက သူ့အတွက် အခွင့်အရေးတွေ ဖန်တီးပေးခဲ့မှုကို အကောင်းဆုံးအဆုံးသတ်နိုင်ခဲ့ကာ တပွဲတည်း ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒါဟာ အယ်လ်နာဆာအတွက် ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ဒုတိယမြောက် နိုင်ပွဲဖြစ်လာခဲ့ပြီး ရော်နယ်ဒိုရဲ့ ခြေစွမ်းကို ဂါစီယာက ပြန်ချီးကျူးမှုတွေ လုပ်သွားခဲ့ရပါတယ်။ 

"ရော်နယ်ဒိုက သူ့ရဲ့ အသင်းဖော်တွေနဲ့ စည်းလုံးညီညွှတ်မှုရဲ့ ကောင်းမွန်တဲ့အဆင့်ကို ရောက်နေပါပြီ၊ အချိန်ကြာလာတာနဲ့အမျှ သူ့အသင်းဖော်တွေက သူ ဘာလိုချင်တာလဲ၊ ဘယ်အချိန်မှာ သူ ဂိုးသွင်းနိုင်မလဲဆိုတာကို သိလာကြပါပြီ၊ သူ ၄ ဂိုးအထိ သွင်းယူနိုင်ခဲ့လို့ သူ့အတွက် အရမ်းကောင်းမွန်တဲ့ ညတညဖြစ်မယ်လို့ ထင်ပါတယ်" လို့ ဂါစီယာက ပြောဆိုခဲ့ကြောင်း Goal က ဖော်ပြခဲ့ပါတယ်။ 

ဂါစီယာဟာ ဆော်ဒီစူပါဖလားပွဲမှာ အသင်းအရေးနိမ့်ပြီး ထွက်ခွာခဲ့ရတုန်းက သူ့ကစားသမားတွေအနေနဲ့ ပုံမှန်အတိုင်းကစားဖို့နဲ့ ဘောလုံးရလာတိုင်း ရော်နယ်ဒိုဆီပဲ ပေးတာမျိုးတွေမလုပ်ဖို့ အရေးကြီးတယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုရဲ့ အခွင့်အရေးကို အသုံးမချနိုင်ခဲ့မှုကိုလည်း လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ 

အခုရော်နယ်ဒိုက ၄ ဂိုးအထိ သွင်းယူပြခဲ့ပြီးချိန်မှာတော့ သူ့ရဲ့ ရော်နယ်ဒိုအပေါ်ထားရှိတဲ့ စိတ်သဘောထားက ပြောင်းလဲသွားခဲ့ပုံရပြိး သူ့တိုက်စစ်မှူးကို ချီးကျူးခဲ့သလို အသင်းဖော်တွေနဲ့လည်း အဆင်ပြေနေပြီလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က