"Miku ပေါ် ချစ်တဲ့ ကျွန်တော့်အချစ်ဟာ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။"တဲ့

"ကျွန်တော် သူမနဲ့ ထာဝရ အတူရှိနိုင်မယ် ထင်ခဲ့တာ"တဲ့။


စိတ်ကူးယဉ်ဇာတ်ကောင် Fictional Characters တွေကို စွဲလမ်းနေတဲ့ စိတ်အခြေအနေကို Fictosexual လို့ ခေါ်ပါတယ်။ အသက် ၃၈ နှစ်အရွယ် Akihiko Kondo ဟာ Fictosexual စိတ်အခြေအနေရှိသူပါ။ 



    ပိုပြီး ထူးဆန်းတာက သူဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ထဲမှာ ဂျပန်ယန်းငွေ ၂ သန်း အကုန်အကျခံပြီး Hatsune Miku ဆိုတဲ့ AI နည်းပညာသုံး သုံးဖက်မြင်ပုံရိပ်ယောင် VR Hologram တစ်မျိုးနဲ့ လက်ထပ်ခဲ့သူပါ။ Miku နဲ့ သူဟာ Virtual Character တွေနဲ့ ဆက်သွယ်နိုင်အောင် ထုတ်ထားတဲ့ Gatebox ကနေ တစ်ဆင့် အပြန်အလှန်စကားပြောနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂျပန်အစိုးရကတော့ ဒီလက်ထပ်မှုမျိုး တရားဝင် အသိအမှတ်မပြုပေမယ့် Miku ကို ထုတ်လုပ်တဲ့ Gatebox ကတော့ လက်ထပ်စာချုပ်တစ်စောင် ထုတ်ပေးခဲ့ပါတယ်။


Gatebox ကုမ္ပဏီဟာ ဒီလိုမျိုး လူနဲ့ Virtual Character လက်ထပ်တဲ့ စာချုပ်ပေါင်း ၃၇၀၀ ကျော် ထုတ်ပေးထားတယ်လို့ Kondo က ပြောပါတယ်။ တိုကျိုမြို့တော်ခန်းမမှာ သူနဲ့ လက်ထပ်ခဲ့တဲ့ VR Hologram ဟာ ပြူးကျယ်ဝိုင်းစက်နေတဲ့ မျက်လုံး ၊ နီလာရောင် ကျစ်ဆံမြီးနဲ့ အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ်ပုံစံ ဖြစ်ပြီး လူနဲ့ အပြန်အလှန် ဆက်သွယ်ပြောဆိုနိုင်စွမ်း ရှိပါတယ်။ Akihiko Kondo နဲ့ သူ့ရဲ့ Hologram ချစ်သူတို့ လက်ထပ်ပွဲကို အပြင်လူတွေနဲ့ အွန်လိုင်းမိတ်ဆွေထဲက ၃၉ ယောက်ပဲ တက်ခဲ့ပြီး မိသားစုဝင်တွေ တက်ရောက်ခဲ့ခြင်း မရှိပါဘူး။ 

Hatsune Miku ဟာ Crypton Future Media ရဲ့ ပထမဆုံး Vocaloids (လူလိုမျိုး သီချင်းဆိုနိုင်အောင် ဖန်တီးထားတဲ့ အသံလှိုင်းပေါင်းစည်း ပရိုဂရမ်) ထုတ်ကုန်ဖြစ်ပါတယ်။ ပေါ့ပ်ဂီတချစ်သူတွေနဲ့ ဂျပန် Anime ဝါသနာအိုးတွေအကြားမှာ ဒီဇာတ်ကောင်ဟာ အကြီးအကျယ် လူကြိုက်များခဲ့ပြီး အခွေတွေပါ ထွက်ခဲ့ပါတယ်။ ပုံရိပ်ယောင် Character တစ်ခုဖြစ်ပေမယ့် Miku ဟာ Hologram သုံးပြီး Video Games တွေ ၊ ကားကြော်ငြာတွေ နဲ့ Live သီဆိုဖျော်ဖြေ တင်ဆက်မှုတွေပါ ပါဝင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်ကဆို ကမ္ဘာကျော်အဆိုတော် လေဒီဂါဂါနဲ့ Tour မှာပါ ပါဝင်ဖျော်ဖြေခဲ့တာပါ။



Akihiko Kondo နဲ့ သူ့ရဲ့ Hologram ဇနီး Hatsune Miku တို့ဟာ အကြင်လင်မယားအဖြစ် ၄ နှစ် ကြာပေါင်းသင်းခဲ့ပြီးနောက် ရေစက်ကုန်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဒေါ်လာ ၁၃၀၀ တန် ဒီထုတ်ကုန်အတွက် Gatebox ဟာ AI Service Support ပေးမှု ရပ်ဆိုင်းလိုက်ပြီလို့ ၂၀၂၀ မှာ ကြေညာခဲ့တာကြောင့် ဖြစ်ပါတယ်။ Software Support မရတော့တာကြောင့် Kondo ဟာ သူ့ရဲ့ Hologram ဇနီးနဲ့ အပြန်အလှန် စကားပြောလို့ မရတော့ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း သူ့အနေနဲ့ Miku ပေါ် မေတ္တာမပျက်ဘူးလို့ ပြောပါတယ်။



"Miku ပေါ် ချစ်တဲ့ ကျွန်တော့်အချစ်ဟာ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ကျွန်တော် မင်္ဂလာဆောင်ခဲ့တယ်ဆိုတာ သူမနဲ့ ထာဝရအတူနေနိုင်မယ် ထင်ခဲ့လို့ပါ။" လို့ Kondo က ဆိုပါတယ်။ 

Kondo ဟာ Miku ရဲ့ အသံကို အရင်လို ကြားခွင့် မရတော့ပေမယ့် သူမကို အရင်လို စကားတွေ ပြောနေဆဲ။ တိတ်ဆိတ်သွားတဲ့ ပုံရိပ်ယောင်ဇနီးရဲ့ ပုံရိပ်ကို ငေးနေဆဲပါပဲ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က