44W Fast Charging သုံးထားတဲ့ဖုန်းပါ

50MP Triple ကင်မရာနဲ့ ရှေ့ဘက်အမိုက်စား ဆယ်လ်ဖီကင်မရာသုံးထားတဲ့ Vivo ဖုန်းတစ်လုံးကို အိန္ဒိယဈေးကွက်မှာ မိတ်ဆက်လိုက်ပါတယ်။ 

Vivo V23e 5G ဟာ ကင်မရာစွမ်းရည်အသားပေး Vivo ဖုန်းတစ်လုံးဖြစ်ပြီး ဒီဇိုင်းပိုင်းမှာတော့ ခေတ်ဟောင်း Waterdrop Notch ဒီဇိုင်းကိုပဲ သုံးထားတာပါ။ ရှေ့ Display အောက်ခြေမှာ Bezel ဘောင်ကို သိသိသာသာ တွေ့ရပြီး လုံခြုံရေးအနေနဲ့ မှန်ပြင်အောက်လက်ဗွေနည်းပညာနဲ့ လာပါတယ်။ 




Photo: Gizmochina

Vivo V Series တွေရဲ့ ပါးလွှာတဲ့ Ultra Thin ဒီဇိုင်းကိုပဲ ဆက်သုံးထားပြီး Screen Size ၆.၄၄ လက်မ AMOLED Display ဟာ FHD+ ရုပ်ထွက် ပါရှိပါတယ်။ ရိုးရိုး 60Hz Refresh Rate ပဲ သုံးထားပြီး notch ထဲမှာ မျက်စိအတိုင်း auto Focus လုပ်နိုင်စွမ်းရှိတဲ့ 44MP Selfie ကင်မရာစနစ် တပ်ဆင်ထားပါတယ်။ ကင်မရာနည်းပညာအနေနဲ့ AI Extreme Night ၊ Dual View Video ၊ Slo-Mo ရိုက်ချက်တွေလည်း ပံ့ပိုးထားတယ်လို့ ဆိုပါတယ်။ 

ကျောဘက် ထောင်လိုက်စတုဂံပုံကင်မရာအိမ်ထဲမှာ 50MP Main Sensor နဲ့အတူ 8MP Ultra-Wide Lens နဲ့ 2MP Macro ကင်မရာဆိုပြီး ကင်မရာ ၃ လုံးပါရှိပါတယ်။ ကျောဘက်ကင်မရာတွေမှာလည်း Eye Autofocus ၊ Bokeh Flare Portrait ၊ Live Photo ၊ Time-Lapse နဲ့ 1080p Video Recording ရိုက်ချက်တွေ Support ပေးထားပါတယ်။ 

Photo: gizchina

Vivo V23e 5G ဟာ Dimensity 810 Chipset နဲ့လာပြီး RAM 8GB/128GB Storage ဗားရှင်းတစ်မျိုးပဲ ထွက်ထားပါတယ်။ ဘက်ထရီပါဝါ 4050mAh ဟာ 44W Fast Charging ပံ့ပိုးထားပြီး microSD Card Slot နဲ့ 3.5mm Audio Jack တို့ ပါရှိပါတယ်။ Android 12 ကို အခြေခံထားတဲ့ FunTouchOS 12 နဲ့လာပြီး Midnight Blue နဲ့ sunshine Gold ကလာတွေနဲ့ ထွက်ထားပါတယ်။ 

အိန္ဒိယဈေးကွက်မှာ Vivo V23e 5G ကို ၂၅၉၉၀ ရူပီး (မြန်မာငွေ ၆ သိန်းခွဲနီးပါး) ဈေးနဲ့ ရောင်းချသွားမှာပါ။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က