High-End Features နဲ့ အမိုက်စားစမတ်ဖုန်း

ဂျပန်နည်းပညာကုမ္ပဏီကြီးတွေနဲ့ ပေါင်းပြီး ထုတ်လုပ်ထားတဲ့ Leica ရဲ့ အဆင့်မြင့်ဖုန်းတစ်လုံးကို ဂျပန်ဈေးကွက်မှာ ကြေညာလိုက်ပါတယ်။

ဂျာမန်ကင်မရာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Leica ဟာ ပြီးခဲ့တဲ့နှစ်ထဲမှာ Sharp ၊ SoftBank တို့နဲ့ ပူးပေါင်းပြီး Leica အမှတ်တံဆိပ်သုံး Leitz Phone 1 စမတ်ဖုန်းကို မိတ်ဆက်ခဲ့တာပါ။ အခုတစ်ခေါက်တော့ ဒုတိယမျိုးဆက် Leitz Phone 2 ကို ကြေညာသွားပြီ ဖြစ်ပါတယ်။ Leitz Phone 2 မှာလည်း အရင်ပထမမျိုးဆက်လိုပဲ Sharp ကုမ္ပဏီရဲ့ ဒီနှစ်ထွက် Aquos R7 ဖုန်းကို မှီးပြီး ဒီဇိုင်းထုတ်ထားတာပါ။



Photo: SpecDecoder


Leitz Phone 2 နဲ့ Aquos R7 အကြား ကွဲပြားတာက ဒီဇိုင်းကာလာနဲ့ ဆော့ဖ်ဝဲလ်ပိုင်းပဲ ဖြစ်ပါတယ်။ Leica Leitz Phone 2 မှာ Leica White လို့ခေါ်တဲ့ အဖြူရောင်ကာလာတစ်မျိုးပဲ ထွက်ထားပါတယ်။ အရင် Leitz Phone 1 ကတော့ အနက်ရောင်နဲ့ လာတာပါ။ Leica အမှတ်တံဆိပ်အစား ကျောဘက်မှာ Leitz ကို သုံးထားတာကလည်း ထူးခြားပါတယ်။ ဘေးဘောင်ကိုယ်ထည်ဟာ Textured ထွင်းထားတဲ့ သတ္တုဘောင်သားတွေနဲ့ လာပြီး ကျောဘက်ကင်မရာအိမ်ကိုတော့ စက်ဝိုင်းပုံကင်မရာအကြီးစား အသုံးပြုထားပါတယ်။

မျက်နှာပြင်ဆိုဒ် ၆.၆ လက်မ IGZO OLED Screen ဟာ 2730 x 1260px ရုပ်ထွက် ပါရှိပြီး 240Hz Refresh Rate ၊ ရှေ့ဘက် Display အပေါ် အလယ်တည့်တည့် 16MP Punch Hole ဆယ်လ်ဖီကင်မရာတို့နဲ့ လာပါတယ်။ ကျောဘက်ပင်မကင်မရာဟာ ၁ လက်မဆိုဒ် Sensor ပါ 47MP ကင်မရာဖြစ်ပြီး Sharp နဲ့ Leica တို့ ပူးပေါင်းဖန်တီးထားတဲ့ Sensor ဟာ စမတ်ဖုန်းအလင်းဖမ်းယူမှု မြှင့်တင်နိုင်မယ့် 7P Leica Summicron Lens ၊ f/1.9 အပါချာ နဲ့ 19mm focal length တို့ ပါဝင်လာပါတယ်။ 

Protrait အတွက် 1.9MP sensor သုံးထားပါတယ်။ High-End ဖုန်းဖြစ်တဲ့အတိုင်း Leitz Phone 2 မှာ Snapdragon 8 Gen 1 Chipset ၊ RAM 12GB/512GB Storage နဲ့ 5000mAh ဘက်ထရီ ၊ Wireless Charging တို့ ပါဝင်ပြီး sub-6GHz 5G ကွန်ရက်ချိတ်ဆက်မှု ၊ 3.5mm Headphone Jack ၊ Ultrasonic Under-Display Fingerprint Sensor ၊ IP68 Rating ၊ Bluetooth 5.2 ၊ NFC နဲ့ USB-C Port တွေ ထည့်ပေးထားပါတယ်။ 

Photo: GSMArena


Leitz Phone 2 ကို ယန်း ၂၂၅၃၆၀ (မြန်မာငွေ ၃၃ သိန်းကျော်) ဈေးနဲ့ ဂျပန်ဈေးကွက်မှာ ရောင်းချသွားမှာပါ။ နိုဝင်ဘာ ၁၈ ရက်နေ့က စပြီး ဝယ်ယူနိုင်မယ့် ဒီဖုန်းဟာ Leitz Phone 1 လိုပဲ ဂျပန်ဈေးကွက်တစ်ခုတည်းပဲ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က