အွန်လိုင်းကနေတစ်ဆင့် မိမိ ရောင်းချလိုတဲ့ ကုန်ပစ္စည်းတွေကို ဓာတ်ပုံရိုက်ပြီး အရောင်းအဝယ် ပြုလုပ်လို့ရတဲ့ “Shopee” App ကို မြန်မာနိုင်ငံမှာ 1Mobile Market ၊ MoboMarket နှင့် Google Play Store တို့ကနေ ဒေါင်းလုတ် လုပ်ပြီး ရယူအသုံးပြုနိုင်ပါပြီ။ Shopee App ဟာ အရှေ့တောင်အာရှရဲ့ အွန်လိုင်းရှော့ပင်းဈေးကွက်မှာတော့ နာမည်ရထားပြီးသား ဖြစ်ပါတယ်။ Shopee App ကို အောက်ပါလင့်ခ်မှာ တစ်ဆင့်လည်း ဒေါင်းလုပ်ရယူနိုင်ပါတယ်။ Shopee App ရယူရန်။
Shopee App ကို ဒေါင်းလုပ်ဆွဲယူပြီးတာနဲ့ အွန်လိုင်းမှာ ပစ္စည်းတွေ ဝယ်ယူရောင်းချနိုင်ဖို့ Sign Up လုပ်ရမှာ ဖြစ်ပါတယ်။ ဒါပြီးရင်တော့ စက္ကန့်သုံးဆယ်အတွင်းမှာတင် ပစ္စည်းတွေကို Shopee App ပေါ်မှာ အရောင်းအဝယ် စိတ်ကြိုက် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ သုံးစွဲသူတွေအတွက် အားသာချက်ကတော့ Shopee App ပေါ်မှာ ပစ္စည်းတွေ ဝယ်ယူရောင်းချတဲ့အတွက် ကော်မရှင်ခ ပေးစရာမလိုတာ ဖြစ်ပါတယ်။ သင်ချက်ချင်း ဝယ်ယူနိုင်တဲ့ ပစ္စည်အမျိုးအစားပေါင်း ၇,၀၀၀ ကျော်ဟာ Shopee App ပေါ်မှာ ရှိနေပါပြီ။
Shopee App ပေါ်မှာ သိလိုတဲ့ အကြောင်းအရာတွေကို မေးမြန်းနိုင်တဲ့ Live Chat ကဏ္ဍလည်းရှိပါတယ်။ Shopee မှာရှိတဲ့ ပစ္စည်းအမျိုးအစားတွေနဲ့ အကြောင်းအရာတွေကို သုံးစွဲသူတွေရဲ့ လူမှုကွန်ရက်စာမျက်နှာမှာလည်း ပြန်လည် ဝေမျှနိုင်ပါသေးတယ်။
ဒါကြောင့် သုံးစွဲသူတွေမှာ အင်တာနက်ပါတဲ့ စမတ်ဖုန်းတစ်လုံးရှိရုံနဲ့ Shopee App ကိုအသုံးပြုပြီး နေရာဒေသမရွေးက ပစ္စည်းတွေ ဝယ်ယူရောင်းချနိုင်တဲ့ အတွေ့အကြုံသစ်ကို ခံစားရမှာပါ။
“Shopee” မှာ ဘယ်လို ဝယ်ယူမလဲ
၁။ ပထမဦးစွာ Account တစ်ခု ပြုလုပ်ပါ။
၂။ မိမိ ဝယ်ယူလိုတဲ့ ပစ္စည်းကို နှိပ်ယူပြီး ရောင်းချသူနှင့် Chat Box ကနေ ဆက်သွယ်ပါ။
၃။ မိမိ ဝယ်ယူလိုတဲ့ ပစ္စည်း အရေအတွက် အရောင်များကို ရွေးချယ် ဝယ်ယူပါ။
၄။ မိတ်ဆွေသူငယ်ချင်းများကိုလည်း မိမိကြိုက်နှစ်သက်တဲ့ ပစ္စည်းများကို Facebook၊ Instagram အစရှိတဲ့ လူမှုကွန်ရက်များမှာ ပြန်လည် မျှဝေလို့လည်းရပါတယ်။
၅။ နောက်ဆုံးမှာတော့ မိမိဝယ်ယူထားတဲ့ ပစ္စည်းရဲ့ အရည်အသွေး၊ကြိုက်နှစ်သက်တဲ့ ထင်မြင်ချက်များ ရေးသားနိုင်ပါသေးတယ်။
“Shopee” မှာ ဘယ်လို ရောင်းချမလဲ
၁။ ပထမဦးစွာ Account တစ်ခု ပြုလုပ်ပါ။
၂။ မိမိ ရောင်းချလိုတဲ့ ပစ္စည်းကို ဖုန်းနဲ့ ဓာတ်ပုံရိုက်ပြီး (သို့) ဖုန်းရဲ့ Gallery ကနေတစ်ဆင့် upload တင်ပေးပါ။
၃။ မိမိ ရောင်းချလိုတဲ့ ပစ္စည်းမြန်မြန်ဆန်ဆန် ရောင်းထွက်စေရန်အတွက် ကုန်ပစ္စည်းနဲ့ သက်ဆိုင်တဲ့ အချိန်၊ ဈေးနှုန်း၊ အရောင်အစရှိတဲ့ အချက်အလက်များကို ဖြည့်ပေးပါ။
၄။ ထို့နောက်မှာတော့ မိမိရောင်းချထားတဲ့ ပစ္စည်းကို လူမှုကွန်ရက်များမှာလည်း ပြန်လည် မျှဝေလို့ ရပါသေးတယ်။
၅။ ဝယ်ယူသူများပိုမိုသိရှိစေရန်အတွက် Boost လုပ်ပြီးတော့ ရောင်းချပါ။
၆။ မိမိရောင်းချထားသော ပစ္စည်းနဲ့ပတ်သက်တဲ့ အကြံပြု သုံးသပ်ချက်များကိုလည်း ပြန်လည် ကြည့်ရှုပါ။
၇။ ဝယ်ယူသူများရဲ့ မေးမြန်းမှုများကိုလည်း Chat Box ကနေ တစ်ဆင့် တိုက်ရိုက် ချိတ်ဆက်ပြောဆိုနိုင်ပါသေးတယ်။
Shopee မှာ ဘယ်လိုအရောင်းအဝယ် လုပ်ရမလဲ ဆိုတာ အောက်ပါလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။
အရောင်းအဝယ်လုပ်နည်းအား ကြည့်ရန်။
