ဒါပေမဲ့ သင့်အနေနဲ့ ဘောင်းဘီတိုကို ဖက်ရှင်ကျကျ မဝတ်ဆင်တတ်ရင်တော့ လူအများအမြင်မှာ ရယ်စရာဖြစ်လာနိုင်ပါတယ်။
Sponsored bylogo

သမိုင်းကြောင်း

ဘောင်းဘီတိုတွေကို ယခင်က ကလေးတွေသာ ကျောင်းတက်တဲ့အခါမှာ ဝတ်ဆင်လေ့ရှိကျပြီး၊ လူကြီးတွေကတော့ အများအမြင်မှာ မသင့်တော်ဘူးထင်လို့ အပြင်မှာ များများစားစားဝတ်ဆင်လေ့မရှိပါဘူး။

ဒါပေမဲ့ ပထမကမ္ဘာ့စစ်ကြီးကာလမှာ စစ်သားတွေရဲ့ ဝတ်စုံမှာ ဘောင်းဘီတိုကို ထည့်သွင်းလာခဲ့ပြီးတဲ့နောက်မှာတော့ ဟောလီဝုဒ်က ဖက်ရှင်ဒီဇိုင်နာတွေက ဆိုးဆိုးရွားရွား ဝတ်ဆင်မှုတွေမရှိအောင် ပုံစံအသစ်လေးတွေ ဖန်တီးပြီး ခေတ်စားအောင်လုပ်ဆောင်ခဲ့ကြပါတယ်။

ဒါပေမဲ့ သင့်အနေနဲ့ ဘောင်းဘီတိုကို ဖက်ရှင်ကျကျ မဝတ်ဆင်တတ်ရင်တော့ လူအများအမြင်မှာ ရယ်စရာဖြစ်လာနိုင်ပါတယ်။

Tommy Brown Short Pants ကြည့်ရန်။

ဘယ်အချိန်မှာ ဝတ်သင့်လဲ

ဘောင်းဘီတိုတွေကို ပူအိုက်တဲ့ရာသီမှာ ဝတ်ဆင်ဖို့သင့်တော်ပါတယ်။ ဒါ့အပြင် အလုပ်၊ အစည်းအဝေး အစရှိတဲ့ အချိန်တွေကလွဲလို့ ကျန်တဲ့ ကိုယ်ပိုင်အချိန်တွေမှာ ဝတ်ဆင်သင့်ပါတယ်။

ဘောင်းဘီအတိုရဲ့ ပုံစံအနေအထား

ဘောင်းဘီအတိုရဲ့ အရှည်ဟာ ဒူးခေါင်းထက် ၂ လက်မ (သို့) ၃ လက်မ ပိုပြီးတော့ (အားကစားဘောင်းဘီကလွဲလို့) မတိုသင့်ပါဘူး။ ဒါ့အပြင် ဘောင်းဘီအတိုကို အကြပ်မဝတ်သင့်ပါဘူး။ မိမိလုပ်ဆောင်မှုများနဲ့ လိုက်လျောညီထွေအောင် ဝတ်ဆင်သင့်ပါတယ်။ အရောင်ရွေးချယ်တဲ့အခါမှာလည်း အရောင်တစ်မျိုးတည်းပေါ်မှာ အခြေခံထားတာက သင်နဲ့ ပိုပြီးတော့ လိုက်ဖက်နိုင်ပါတယ်။

Skyblue Jean Short Pants ကြည့်ရန်။

ဘာတွေရှောင်သင့်လဲ

ဘောင်းဘီတွေအရမ်းတိုပြီး ပွနေတဲ့ဘောင်းဘီတိုတွေနဲ့ ရေကူးဘောင်းဘီလိုမျိုးတွေဟာ ဘယ်လိုအခြေနေမျိုးမှာမဆို အများအမြင်မှာ မသင့်တော်ပါဘူး။

ဘောင်းဘီတိုနဲ့ ဘာတွေ တွဲဖက်ဝတ်ဆင်သင့်လဲ

ဘောင်းဘီတိုတွေကို အပြင်ဝတ်ရှုးဖိနပ်မျိုးနဲ့ ဝတ်ဆင်ပြီး ခြေအိတ်တွေကို နည်းနည်း ပေါ်သလို ထုတ်ဝတ်ပေးတာမျိုး (သို့) ခြေအိတ်ကို ဖိနပ်အောက်မှာ ထားဝတ်သင့်ပါတယ်။

Spot White Shorts For Men ကြည့်ရန်။

ဘာအင်္ကျီမျိုး ဝတ်သင့်သလဲ

ပိုလိုရှပ်အင်္ကျီတွေဟာ လိုက်ဖက်မှုရှိပါတယ်။ အင်္ကျီကိုလည်း အတွင်းထဲ ထည့်ဝတ်စရာမလိုပါဘူး။ ဒါ့အပြင် အင်္ကျီလက်ရှည်ကို ဘောင်းဘီထဲ မထည့်ဘဲနဲ့ ခေါက်ပြီးတော့လည်း ဝတ်ဆင်လို့ရပါသေးတယ်။ နောက်ဆုံးအနေနဲ့ သင့်ရဲ့ ဖက်ရှင် ပြီးပြည့်စုံစေဖို့ နေကာမျက်မှန်တစ်လက်လောက်လိုပါသေးတယ်။ ပူအိုက်တဲ့ရာသီမှာ ပေါ့ပေ့ါပါးပါး ဝတ်ဆင်ပြီးတော့ ဖက်ရှင်ကျတဲ့ ပစ္စည်းတွေနဲ့ အဓိက ဖက်ရှင်ကျအောင် ဝတ်ဆင်ပေးဖို့လိုပါတယ်။

Share

Loading Next Article...
က္က